အောင်ဇမ္ဗူတောရကျောင်းတိုက်မှာ တရားစခန်းဝင်ရင်း ကုသိုလ်ယူနေတဲ့ ဝတ်မှုံရွှေရည်

Posted on

နိုင်ငံကျော် မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ကျရာဇာတ်ရုပ်ကို ပီပြင်အောင် စိတ်ရောကိုယ်ပါနစ်ပြီး သရုပ်ဆောင်တတ်သူလေးပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ရဲ့ အနုပညာပါရမီကြောင့် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေပြီး မြန်မာနိုင်ငံမှာလည်း ဒိတ်ဒိတ်ကြဲမင်းသမီးလေးအဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မင်းသမီးချောလေး ဝတ်မှုံရွှေရည်က လက်ရှိမှာတော့ မှော်ဘီမြို့က အောင်ဇမ္ဗူတောရကျောင်းတိုက်မှာ တရားစခန်းဝင်ရင်း ကုသိုလ်တွေ ယူနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဝတ်မှုံရွှေရည်ရဲ့ အေးချမ်းတဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

ဝတ်မှုံရွှေရည်က လွန်ခဲ့တဲ့ရက်ပိုင်းက ဒေါင်းနဲ့အတူတူ ဖြုံဘူးရွာမှာ “ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာဖြစ်ပြီး ရိုက်ကူးရေးရက် ပြောင်းရွှေ့သွားလို့ သူမအားလပ်တဲ့အချိန်လေးကို အကျိုးရှိရှိ တရားစခန်းဝင်ခဲ့တာ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က လက်တလောမှာတော့ ကြော်ငြာတွေနဲ့ အခြားသော အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က လူငယ်ပီပီ ပျော်ရွှင်လွတ်လပ်စွာနေတတ်သလို ဘာသာရေးကိုလည်း လိုက်စားတတ်တဲ့ သူလေးဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: We Love Wutt Hmone Shwe Yi & Shwe Gabar Han’s fb
ခရက်ဒစ် မိုမိုလေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.