အောက်တိုဘာလထဲမှာ မင်္ဂလာဆောင်တော့မယ့် ချစ်စနိုးဦး

Posted on

အသက်အရွယ်တစ်ခု ရလာတဲ့အချိန်မှာ အိမ်ထောင်ပြုဖို့ ပြင်ဆင်နေတဲ့ အနုပညာရှင်ကတော့ ချစ်စနိုးဦး ဖြစ်ပါတယ်။ အိမ်ထောင်ပြုတာ နောက်ကျတယ်ဆိုပေမဲ့ အပျိုကြီးလုံးဝအဖြစ်မခံဘဲ ချစ်ရသူနဲ့ ဥရောပတစ်ခွင် pre-wedding ပတ်ရိုက်ဖြစ်တဲ့မင်းသမီး

လို့လည်း ပြောလို့ရပါတယ်။ အီတလီ၊ ပဲရစ်၊ စပိန် သုံးနေရာမှာ ဓာတ်ပုံရိုက်ရင်း အပျော်ကြီးပျော်နေတဲ့ ချစ်စနိုးဦးက မင်္ဂလာဆောင်အတွက် ပြင်ဆင်မှုကို ခုလိုပြောသွားပါတယ်။ “Wedding အတွက် ဝတ်စုံကတော့ စဉ်းစားထားတာက ကိုယ်ဖြစ်ချင်တာ

လေးတွေ ရှိတာပေါ့နော်။ ဒီဇိုင်နာနဲ့ တိုင်ပင်ထားတယ်။ ပွဲတက်မှာ မြင်ရမှာပေါ့နော်။ လောလောဆယ် ဆွမ်းကျွေးကတော့ ဒီဇိုင်နာ မေမြတ်ဝါဆို၊ လက်မှတ်ထိုး၊ ဘိတ်သိတ်၊ ပြီးရင် dinner ပါမယ်။ beach ကို သွားဖြစ်ရင်တော့ မိသားစုနဲ့ ရိုးရိုးလေးပဲသွားပြီး

ပျော်ကြမှာပေါ့” လို့ ဆိုပါတယ်။ မင်္ဂလာဆောင်ကို အကျဉ်းချုံးချင်သူက ခုလိုမျိုး နိုင်ငံခြားခရီးစဉ်ထိ စီစဉ်ဖြစ်ပုံကို ခုလိုပြောသွားပါတယ်။ “Europe ဘက်ပဲပေါ့။ တစ်ခြား ဘယ်နေရာမှာရိုက်ဖြစ်မလဲဆိုတာ တိုင်ပင်ထားတာရှိတယ်။ အခုသွားဖြစ်တာကတော့

အီတလီ၊ ပဲရစ်၊ စပိန် သုံးနေရာရှိပါတယ်။ ပျော်တာပေါ့နော်။ အရင်တုန်းကတော့ မင်္ဂလာဆောင်ရင် အလှူအတန်းလေးပဲလုပ်ပြီး အကြီးအကျယ်မလုပ်ချင်ဘူးလို့ ပြောဖူးပါတယ်။ ဒါပေမဲ့ မင်္ဂလာဆောင်တာက နှစ်ဦးနှစ်ဖက်ဆိုတော့ ပျော်တုန်းကသာပြောတာ

တကယ်တမ်း ဒီလိုလေး စီစဉ်ရတော့ ပျော်ပါတယ်” ဆိုပြီး ပြောပြသွားပါတယ်။ မင်္ဂလာပွဲက အောက်တိုဘာထဲမှာ ရွေးထားတာဖြစ်လို့ အသေအချာအသေးစိပ်ကိုတော့ နီးမှပြောမှာဖြစ်ကြောင်း ချစ်စနိုးက ပရိသတ်တွေကို အသိပေးသွားပါတယ်။

ခရက်ဒစ်နာမည်ကြီး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.