ဟောက်ဆာဂျင်အဖြစ် လပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆေးရုံကြီးကို နှုတ်ဆက်ခဲ့ပြီဆိုတဲ့ ဆရာဝန်မလေး ပိုးမမှီသာ

Posted on

ဆရာဝန်မလေးလည်း ဖြစ်သလို၊ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ ပိုးမမှီသာက အနုပညာလောကမှာ အောင်မြင်စပြုနေတဲ့ တက်သစ်စ မင်းသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုးမမှီသာက ဆရာဝန်လည်းဖြစ်သလို မင်းသမီးတစ်ယောက်လည်းဖြစ်တာကြောင့် အလုပ်နှစ်ခုစလုံးကို သင့်တင့်မျှတအောင် လုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပိုးမမှီသာကအနုပညာအလုပ်တွေကို ရပ်နားထားပြီး ဟောက်ဆာဂျင်တစ်ယောက်အဖြစ် တာဝန်ကျရာ ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။

လက်ရှိ ရန်ကုန်အမျိုးသမီးဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ပိုးမမှီသာက ဒီကနေ့မှာတော့ သူမရဲ့ တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ပြီးသွားပြီဖြစ်တယ်လို့ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောပြလာပါတယ်။ ပိုးမမှီသာကတော့ ဘာသာရပ် (၄) ရပ်စလုံးကို ဟောက်ဆာဂျင်အဖြစ် တာဝန်ထမ်းဆောင်နေရာ OG အဖြစ် ကလေးလေးတွေကို မွေးဖွားပေးရတာ အချိန်ကို အပျော်ဆုံးဖြစ်တယ်လို့ ဆိုထားဖူးသူတစ်ယောက် ဖြစ်ပါတယ်။

ပိုးမမှီသာကတော့ ဟောက်ဆာဂျင်အဖြစ် လပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆေးရုံကြီးကို နှုတ်ဆက်ခဲ့ရလို့ ဝမ်းနည်းနေရတာပဲ ဖြစ်ပါတယ်။ ပိုးမမှီသာတစ်ယောက် ပြည်သူတွေရဲ့ အသက်စည်းစိမ်တွေကို ကာကွယ်ပေးတဲ့ ဆရာဝန်မလေးဖြစ်လာပြီး အနုပညာရှင်ကောင်းတစ်ယောက်လည်း ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Poe Mamhe Thar’s fb

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.