သေရမှာထက် ပရိသတ်တွေကို မဖျော်ဖြေပေးနိုင်မှာ ကြောက်တယ်ဆိုတဲ့ ဦးပေါ်လေး

Posted on

အငြိမ့်ခွေတွေခေတ်စားတဲ့အချိန်နဲ့ မြန်မာVideo ဇာတ်လမ်းတွေအားကောင်းတံအချိန်တုန်းက ပရိသတ်ကို အားပါးတရဖျော်ဖြေခဲ့ပြီး အခုချိန်မှာ ကျန်းမာရေးကြောင့် တချို့အနုပညာအလုပ်တွေနားနေရတဲ့ ဝါရင့်လူရွှင်တော်ကြီး ဦးပေါ်လေးကို အားလုံးပဲ သိမယ်ထင်ပါတယ် ။ သူနဲ့ Myanmar Platform မီဒီယာနဲ့အင်တာဗျုးမှာပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင်ပြောပြပေးလိုက်ပါတယ် ။

ဦးပေါ်လေးက Video လောကထဲကို စရောက်ခဲ့ပုံနဲ့အမှတ်တရတွေကို ” ၉၅ မှာ ရန်ကုန်တိုင်း စစ်ဌာနချုပ်က မြဝတီအငြိမ့်ပြိုင်ပွဲဆိုပြီး လူတွေရွေးကြတယ် ။အဲ့ဒီမှာ မင်းသမီးက လာပြိုင်ပေးပါဆိုတော့ ရန်ကုန်တိုင်းမှာ လက်ရွေးစင် အဲ့ဒီမှာ ဘယ်သူနဲ့ဆုံလည်းဆိုတော့ မောင်မေတ္တာ ၊ ချစ်စရာ လူရွှင်တော်တွေ တစ်ဖွဲ့ပေါ့နော် ၉၅ပြိုင်တာ မရဘူး ။ ၉၇ကျတော့ ဒုတိယရတယ် အဲ့ဒီမှာ သူတို့နဲ့ရင်းနီးပြီးတော့ Video ဘက်ကိုရောက်လာတာ ။ ချစ်စရာတို့ မေတ္တာတို့်ကြောင့်ပေါ့ ။ အငြိမ့်စင်ပေါ် ဇာတ်စင်ပေါ်မှာ ကနေတဲ့သူတွေကျတော့ အရမ်း လှုပ်ရှားရတယ် ။ အသံကို အကျယ်ကြီးပြောရတယ် လေ လူတွေအများကြီးနဲ့လုပ်ရတယ်ဆိုတေယ် ။

video ကျတော့အဲ့ဒီလိုမဟုတ်ဘူးလေ အသံတွေကအစ ထိန်းထားရတယ် ။ မိုက်တွေ ကအစအရမ်းကောင်းတော့ ။ ပထမဦးဆုံးစရိုက်တာက ဦးကျော်ဟိန်းနဲ့
လူလည်ကြီးဆိုတဲ့ကား အဲ့ဒီမှာ ကမ္ဘီရပေါ့ မေတ္တာ က အစ်ကိုတဲ့ ကိုယ့်တော်ကီ ကိုယ်မှတ်ထားနော် ဦးကျော်ဟိန်းသွားမကြည့်နဲ့တဲ့ ဘာဖြစ်လို့လဲကွာ ဆိုပြီးကိုယ်ကစိတ်ထဲက ကျော်ဟိန်းဘာမို့လဲပေါ့ ငါလည်း ပရိသတ်ထောင်ပေါင်းများစွာနဲ့ရိုက်လာတာပဲဆိုပြီးရိုက်ရော ။ ဦးကျော်ဟိန်းက သူပြောနေတာ သူပြောနေတဲ့စကားထဲမှာ မျောပြီးတော့ ကိုယ်က ဘာပြောရမယ်မှန်းမသိတော့ ဘူး ။ ” ဆိုပြီး အမှတ်တရတွေကို ပြောပြသွားပါတယ် ။

ဆက်လက်ပြီးတော့လည်း ဦးပေါ်လေးက ” ကိုယ်က နေမကောင်းလိုက်တော့ သေသွားတာမကြောက်ဘူး ပရိသတ်ရှေ့မှာ မဖျော်ဖြေရမှာကြောက်တာ ။ဘေးနားမှာ ပရိသတ် ပြောဟဲ့နောက်ဟဲ့ ရယ်မော ဒီလိုနေတဲ့ဘဝကနေအအလုပ်ဘဲ ငုတ်တုတ်ထိုင်နေရရင် မနေတတ်တော့ ဘူး ။ အဲ့ဒီတော့ ပရိတ်ရှေ့မှာ အမြဲတမ်း ရောက်ချင်နေတယ် ” ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.