ဝေဠုကျော်တို့ နှမ်းဖြူးခဲ့တယ် ဆိုပြီး လူမှုကွန်ရက်ကနေ ကာယကံရှင်တစ်ယာက် မှဖွင့်ချ

Posted on

ပရိသတ်ကြီးရေ ၊ လတ်တလော မှာ ရေကြီးနစ်မြုပ်နေတဲ့ဒေသတွေကို ဝေဠုကျော် ခေါင်းဆောင်တဲ့ အဖွဲ့သားတွေ သားရောက်ကူညီပေးနေကြတာပါ ။ ဒါပေမယ့် ဒီလိုလုပ်ကိုင်ဆောင်ရွက်နေတာတွေဟာ အပြကောင်းရုံသက်သက်ဖြစ်တယ်ဆိုပြီး လူမှုကွန်ရက်ကနေ ဖွင့်ချမှုတစ်ခုဖြစ်ခဲ့ပါတယ်။

မွန်ပြည်နယ် မြေပြိုမှုဖြစ်စဉ်တွေမှာ လက်တွေ့ပါဝင်ကူညီဆောင်ရွက်နေတဲ့ ကိုလွင်မောင် (Lwin Mg) အကောင့်ပိုင်ရှင် က အခုလိုရေးသားဖွင့်ချခဲ့တာပါ။
“စောက်သည်းပေါက်တယ်..မနေ့က ‘နှမ်းဖြူး’ ‘ ဖြစ်စဉ်နေရာလာတယ်..
သစ်ပင်ဖြတ်စက် ခဏတောင်းတယ်ပေးလိုက်တယ် ဓာတ်ပုံရိုက်တယ်…
ပြန်ပေးတယ်…အလောင်းထွက်လာတယ်..အဖွဲ့တွေသယ်လာကြတယ်..ခဏဝင်ကိုင်ပြီးဓာတ်ပုံရိုက်တယ်…ပြီးတော့သူများတွေဆက်သယ်ကြတယ်..ပြီးတော့ပျောက်သွားတယ်အကြီးကဲလူကြီးတွေလာတယ်…ဝင်ဖောတယ် ဝင်ယောင်တယ်..ကျွန်တော်တို့အဖွဲ့တွေနဲ့ မီးသတ်ရှာဖွေကယ်ဆယ်တို့ ပူးပေါင်း
ထုတ်ယူခဲ့တဲ့ အလောင်းတွေကို အားလုံးသူထုတ်ယူတယ်ပေါ့..သူ တယောက်ထဲလုပ်တယ်ပေါ့..တယောက်ထဲလုပ်လို့ရမယ်ထင်ရင်လာလုပ်
ကြည့်ပါ…မီးသတ်တပ်ဖွဲ့၊YRO၊တပ်မတော်သားအားလုံး ၁၀၀ ကျော်ရှိတယ်..
ကျွန်တော်တို့အားလုံးဖယ်ပေးပါမယ်ရူးတောင်ရူးသွားအုံးမယ်.ရှက်တတ်ဖို့ကောင်းပါတယ်.” ဆိုပြီးရေးသားထားတာပါ ။

 

မှတ်ချက်တွေမှာတော့ ဝေဠုကျော်ချစ်သူတွေ နဲ့ ဒေသခံတချို့ အချေအတင်ပြောဆိုထားကြတာကိုလည်းတွေ့ရပါတယ်။ ပရိသတ်ကြီးလည်း ကိုဝေကြီး တကယ် နှမ်းဖြူးတာဖြစ်နိုင် ၊ မဖြစ်နိုင် မှတ်ချက်ကနေ ပြောပြပေးခဲ့ကြပါဦး ။

Source – Lwin Mg
Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.