ဝေယျာဝစ္စတွေကူညီလုပ်ကိုင်ပေးတဲ့ အိမ်အကူမိန်းကလေးတွေ ပျော်ရွှင်ရအောင် နောက်ဆုံးပေါ်ဖုန်းတစ်ယောက်တစ်လုံးစီ မဲဖောက်ပေးခဲ့တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီရဲ့ ဗီဒီယို

Posted on




Source: Htoo Khant’s fb

unicode

ပရိသတ်တွေက ရွှေနှစ်ရွှေလို့ တင်စားခေါ်ဝေါ်ကြတဲ့ အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင် ရွှေမှုံရတီက ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာအလုပ်တွေကို အချိန်ပေးလုပ်ကိုင်နေသလို သူတို့နှစ်ယောက် တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးလေးကိုလည်း သာယာကြည်နူးဖွယ်ဖြစ်အောင် တည်ဆောက်နေလျက်ရှိပါတယ်။ ပရိသတ်တွေကလည်း ရွှေထူးနဲ့ ရွှေမှုံရတီရဲ့ အနုပညာလှုပ်ရှားမှုတွေအပြင် သူတို့ရဲ့လက်တွေ့ဘဝက နေထိုင်မှုပုံစံကိုပါ စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်အားပေးကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ရွှေထူးနဲ့ ရွှေမှုံရတီက သူတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ ဝေယျာဝစ္စတွေကို ကူညီပြီး လုပ်ဆောင်ပေးနေတဲ့ အိမ်အကူမိန်းကလေးတွေကို ပျော်ရွှင်ရအောင် မဲဖောက်ပေးခဲ့ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက “အိမ်က ကလေးမ လေးယောက်ကို Huawei Y5p ဖုန်းလေးတွေ မဲဖောက်ပေးတဲ့ Video လေးပါ … ရယ်နေရတယ် … 😂😂😂” ဆိုပြီး သူတို့အိမ်လေးရဲ့ ကြည်နူးစရာ အခိုက်အတန့်လေးကို ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီကတော့ သူတို့နှစ်ယောက်ရဲ့ အလုပ်တွေကို ကူညီပြီးလုပ်ဆောင်ပေးနေတဲ့ မိန်းကလေးတွေကို လက်ဆောင်တွေပေးပြီး ပျော်ရွှင်အောင် ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေထူးနဲ့ ရွှေမှုံရတီရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Htoo Khant’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.