ဝေဖန်မှုတွေခံရတဲ့အပြင် အချစ်ဆုံးအ ဖိုးကပါ ကွယ်လွန် သွားခဲ့တာေ ကြာင့် စိတ်ေ တွက ပုံမှန်မဟုတ်တော့ဘူးဆိုတဲ့ အေးမြဖြူ

Posted on

ငယ်စဉ်ကလေးဘဝ ကတည်းက အနုပညာကို ဝါသနာပါခဲ့တဲ့ အေးမြဖြူကတော့ ဆိုကရေးတီးပြိုင်ပွဲတွေမှာလည်း ဝင်ရောက်ယှ ဉ်ပြိုင်ဖူးသူတစ်ယောက်ဖြစ်ပြီး ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာလည်း ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ဖူးသူပဲ ဖြစ်ပါတယ်။ အေးမြဖြူ ကတော့ အထက်တန်းကျောင်းသူဘဝမှာတော့ စာကိုသာ တစိုက်မတ်မတ်ကြိုးစားခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီး ချိန်မှာတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးမှာ ပါဝင်ယှ ဉ်ပြိုင်ခဲ့ပြီး ထိုကမှတဆင့် ပရိသ တ်တွေ ပြန် လည်သတိထားမိ လာခဲ့တာပဲ ဖြစ် ပါတယ်။

အသက် (၁၈) နှစ်တောင်မပြည့်သေးတဲ့ အေးမြဖြူကတော့ သူမရဲ့အရွယ်နဲ့မမျှတဲ့ အောင်မြင်မှုတွေရရှိနေသူပီပီ တစ်ဖက်မှာလည်း မနာလိုဝန်တိုသူတွေရဲ့ အပုပ်ချမှုကို ခံရတာပဲ ဖြစ်ပါတယ်။ အေးမြဖြူက ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ အချစ်ရေးကိစ္စနဲ့ ပက်သတ်ပြီး ကောလဟာလတွေဒဏ်ကို ခံခဲ့ရသလို သူမရဲ့အချစ်ဆုံးအဖိုးကပါ ကွယ်လွန်သွားခဲ့တာကြောင့် တော်တော်လေး စိတ်ဖိစီးနေရကြောင်း သူမရဲ့ ဖေ့စ်ဘုတ် Story တွေကနေတဆင့် တွေ့ရပါတယ်။

အေးမြဖြူကတော့ သူမရဲ့ စိတ်တွေက ပုံမှန်မဟုတ်သေးတဲ့အတွက် ဖေ့စ်ဘုတ်အကောင့် အသုံးပြုခြင်းကို ရပ်နားထားမယ်လို့ ပြောထားပါတယ်။ အေးမြဖြူလေး အမြန်ဆုံး စိတ်သက်သာရာရပြီး အရင်လိုပဲ ပြုံးပျော်နေမယ့်အချိန်တွေကိုပဲ ပရိသတ်တွေက မြင်ချင်တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Aye Mya Phyu’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.