





ယူနီကုဒ်ဖြင့်ဖတ်ရန်
ဝေဖန်မှုကို ပညာသားပါစွာဖြေရှင်းလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကိုသဘောကျမိတယ်ဆိုတဲ့ အိုင်ရင်းဇင်မာမြင့် …

အိုင်းရင်းဇင်မာမြင့်ဟာ သူမရဲ့ချိုသာတဲ့အသံလေးနဲ့ သီချင်းအေးအေးလေးတွေ သီဆိုတတ်သူဖြစ်လို့ ပရိသတ်ကြိုက်နှစ်သက်အားပေးမှု ရရှိနေသူပါ။ သီချင်းသီဆိုတဲ့အခါမှာ ရင်ထဲအသည်းထဲကနေ လှိုက်လှိုက်လှဲလှဲ သီဆိုတတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ အဲဒါကြောင့် သူမရဲ့သီချင်းတွေကလည်း တစ်ပုဒ်ဆိုတစ်ပုဒ်ဆိုသလောက် ပရိသတ်ရင်ထဲ ထိုးဖောက်ဝင်ရောက်နေတာပါ။

လက်ရှိမှာလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီး Single ဘဝနဲ့ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲဖြစ်ပါတယ်..။ အိုင်ရင်းက အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေနဲ့အတူ ပျော်ရွှင်စေတဲ့ဟာသပိုစ့်လေးတွေကို တင်ကာ ပရိသတ်တွေအတွက် သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိသူပါ..။ ဒီနေ့ မတ်လ (၂၅)ရက်နေ့မှာတော့ ပရိသတ်တစ်ဦးရဲ့ ရိုင်းပြတဲ့ မှတ်ချက်လေးကို ရိုးရိုးလေးနဲ့ ပညာသားပါပါလေး တုံ့ပြန်လိုက်တဲ့ စိုင်းစိုင်းရဲ့ အပြောလေးကို သဘောကျမိတဲ့အကြောင်းလေးကို “ကြိုက်ပြီ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

လက်ရှိ အောင်မြင်နေတဲ့ အနုပညာရှင်တွေဖြစ်တဲ့ စိုင်းစိုင်းနဲ့ အိုင်ရင်းတို့ဟာ ပရိသတ်တွေရဲ့ အသည်းကျော်နာမည်ကြီး အဆိုတော်လေးတွေပဲဖြစ်ပါတယ်နော်..။ စိုင်းစိုင်းကတော့ သူ့ကို ဝေဖန်တဲ့သူတွေကို ပညာသားပါပါလေး ပြောတတ်လွန်းလို့ သူ့ရဲ့ ပရိသတ်တွေကရော အနုပညာရှင်တွေရဲ့ သဘောကျမှုတွေကို ရရှိနေတာပဲဖြစ်ပါတယ်နော်..။ Cele Connections ပရိသတ်ကြီးအတွက်လည်း ပရိသတ်တစ်ဦးရဲ့ ဝေဖန်မှုလေးကို ပညာသားပါပါလေး တုံ့ပြန်လိုက်တဲ့စိုင်းစိုင်းရဲ့ စာသားလေးတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်နော်..။
Source: Iren Zin Mar Myint’s Facebook

Sakura(CeleConnections)

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.