လေ့လာမှုအသစ်အရ မိန်းကလေးတွေ အိပ်ချိန်ပိုမို လိုအပ်ရခြင်း အကြောင်းရင်း
Unicode
သိပ္ပံလေ့လာချက်အရ အမျိုးသမီးတွေဟာ ဘယ်အရာကိုပဲလုပ်လုပ် ဦးနှောက်ကိုပိုမို သုံးလေ့ရှိပါတယ်။ ဒီအချက်ကြောင့်ပဲ အမျိုးသမီးတွေဟာ ပိုမိုအိပ်စက်ဖို့ လိုအပ်ကြောင်း သိရှိရပါတယ်။
Sleep Research Centre ရဲ့ အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင်များနဲ့ ဒါရိုက်တာရဲ့ အဆိုအရ အမျိုးသမီးတွေဟာ သဘာဝအားဖြင့် multitasking (တချိန်တည်းမှာဘက်စုံဆောင်ရွက်ခြင်း) သမားတွေဖြစ်ကြပါတယ်။
အိမ်မှုဝေယျာဝစ္စနဲ့ ကလေးထိန်းတာတွေ လူမှုရေးတွေကအစ တချိန်တည်းမှာ အားလုံးကိုဆောင်ရွက်နိုင်တဲ့ အရည်အချင်းဟာ ယောကျ်ားတွေထက် များစွာသာလွန်လျှက်ရှိကြပါတယ်။ ဒီလို ဆောင်ရွက်တတ်တဲ့ သဘာဝကြောင့် ရလာဒ်ကတော့ သူတို့တွေဟာ စိတ်ဖိစီးမှုအခြေအနေတွေနဲ့ ပင်ပန်းတဲ့လှုပ်ရှားမှုတွေ ပိုများကြောင်း သိရှိရပါတယ်။
တကယ်လို့ သင့်ဦးနှာက်က တစ်နေ့တာအတွက် အလုပ်ပိုလုပ်ခဲ့ရင် ပြန်ပြီးအားဖြည့်ဖို့အတွက် ပိုပြီးအိပ်စက်ပေးဖို့ လိုအပ်ပါတယ်။
အမျိုးသမီးတွေရဲ့ ဦးနှောက်ဟာ အမျိုးသားတွေထက် ရှုပ်ထွေးတဲ့အာရုံကြောတွေရှိကြတာကြောင့်လည်း သူမတို့ရဲ့ အိပ်ချိန်လိုအပ်ချက်ဟာ အနည်းငယ်ပိုများနေရတာဖြစ်ပါတယ်။
အမျိုးသားတစ်ယောက်ဟာ များပြားတဲ့အလုပ်တွေလုပ်လျှက်ရှိပြီး အခြားသူတွေအတွက် ဆုံးဖြတ်ချက်တွေချမှတ်ပေးရတဲ့အခါ ပျမ်းမျှအမျိုးသားတွေထက် ပိုအိပ်ဖို့လိုပေမယ့်လည်း အမျိုးသမီးတွေရဲ့ အိပ်ချိန်လိုအပ်ချက်ကို မမှီသေးဘူးလို့ လေ့လာမှုက ဆိုပါတယ်။
ဒါဆိုရင် အိပ်ချိန်အနည်းအများကို ဘယ်လို အိပ်ချိန်ပုံစံနဲ့ တိုင်းတာမလဲဆိုတဲ့ မေးခွန်းရှိလာပါတယ်။ လေ့လာမှုရဲ့အဖြေကတော့ ပျမ်းမျှလူတစ်ယောက်ရဲ့ အိပ်ချိန်ထက် မိနစ် ၂၀ ပိုလိုအပ်တာပါ။ လူတစ်ယောက်ဟာ ပျမ်းမျှအိပ်ချိန် ၇ နာရီကနေ ၈ နာရီထိလိုအပ်လျှက်ရှိပါတယ်။
တကယ်လို့အရမ်းအလုပ်ရှုပ်တတ်တဲ့ မိန်းကလေးတစ်ယောက်ဆိုရင်တော့ အိပ်ချိန် ၈ နာရီဆိုရင် ၈နာရီ ၂၀ ထိလိုအပ်ပြီး သိပ်အလုပ်မလုပ်ရရင်တော့ ၇ နာရီ ၂၀ မိနစ်ထိအိပ်စက်ဖို့လိုအပ်ပါတယ်။
ဒီလိုအိပ်ချိန်ပြည့်ဝခြင်းဟာ မျိုးပွားဟော်မုန်းပြောင်းလဲမှု၊ ရာသီစက်ဝန်းနဲ့ အိပ်မပျော်ရောဂါစတာတွေနဲ့ များစွာဆက်စပ်နေတာကြောင့် ချိမတို့ကို အိပ်ရေးဝဝအိပ်ဖို့ တိုက်တွန်းပါရစေ။
Source;LifeStyleMyanmar
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.