လျော်ကြေးတစ်ပြားတစ်ချပ်မှ မယူခဲ့ပါဘူးလို့ဆိုတဲ့ စူးရှထက်

Posted on

တစ်နှစ်ကျော်ကြာ တရား ရင်ဆိုင်ခဲ့ရဲ့ အဆိုတော် အစ္စဏီရဲ့ အမှုကို သြဂုတ်လ ၅ရက်နေ့က တရားလို စူးရှထက်မှ ရုတ်သိမ်းပေးခဲ့ပါတယ်။ သူမအနေနဲ့ ဘာကြောင့် ဒီလို ရုတ်သိမ်းပေးဖြစ်လဲဆိုတာ ပရိသတ်ကြီး ဝမ်းသာရအောင် ဖော်ပြပေးလိုက်ပါတယ်။

အစဦးပိုင်းကတည်းက သူတို့ဘက်က တောင်းပန်လာရင် ညီမ အမှုကို ကျေအေးပေးမယ်လို့ စဉ်းစားထားပြီးသားပါ။ အခုလည်း ဒီအမှုကို ကျေအေးပေးဖို့ လတ်မှတ်ထိုးပေးပြီးသွားပါပြီး။ စာချုပ်ပါ အချက်အလက်များကို အများပြည်သူသိအောင် သူမက မီဒီယာများကို ပွင့်လင်းမြင်သာစွာ ချပြသွားခဲ့ပါတယ်။ စွဲဆိုထားတဲ့ အမှုသုံးခုလုံးကို ရုတ်သိမ်းပေးလိုက်တာလည်းဖြစ်ပါတယ်။ တစ်တိုင်းပြည်လုံး သိထားတဲ့ ကိစ္စဖြစ်တဲ့အတွက်ကြောင့် တစ်တိုင်းပြည်လုံး သိအောင် မီဒီယာရှေ့မှာ တောင်းပန်ဖို့ တောင်းဆိုထားတာကို သူတို့ဘက်က လက်ခံလို့ ညီမက သဘောထားကြီးစွာ ရုတ်သိမ်းပေးလိုက်တာပါ။ အစောထဲကလည်း ရုတ်သိမ်းပေးဖို့ အစီအစဉ်ရှိပါတယ်။

ဆက်လက်ပြီး သူမက အစ္စဏီပြန်ထွက်လာရင်လည်း အနုပညာအလုပ်တွေလုပ်မယ်လို့ ပြောပါတယ်။ သူကို ပြန်အားပေးဖို့ သူမက ပရိသတ်ကို တောင်းဆိုပေးခဲ့ပါသေးတယ်။ ရုံးချိန်းပြီးတော့ ကို အစ္စဏီက ညီမကို လက်လှမ်းပြတယ် ကျေးဇူးပါဆိုပြီးလည်းပြောတယ်။ အစောထဲက တောင်းပန်ရမှာလို့လည်း ညီမက ပြန်ပြောဖြစ်ခဲ့ပါတယ်။ သူရော၊ သူ့အမေရော တောင်းပန်ပြီးပါပြီ။

ရန်ကိုရန်ချင်းတုန့်ပြန်ဖို့ စိတ်ကူးမရှိပါဘူး။ လူတစ်ယောက်ကိုလည်း ချုပ်နှောင်မထားချင်ဘူး။ သူလည်းသူမှားမှန်သိလို့ တောင်းပန်ပြီးတာကို ညီမကလည်း ခွင့်လွှတ်ပေးဖို့အဆင်သင့်ရှိပါတယ်။ ခုလိုချုပ်နှောင်ခံထားရတဲ့သူကို လွှတ်ပေးလိုက်ရလို့လည်း အရမ်းပျော်ပါတယ်။ ကိုကျော်စွာနဲ့လည်း မတွေ့ပါဘူး။ သူကို်လည်း မတောင်းပန်ခိုင်းဘူး။ ကာယကံရှင်နဲ့ သူ့အမေတောင်းပန်ရင်ရပြီဖြစ်လို့ပါ။ ကြားထဲကနေညှိပေးတဲ့ ဂုဏ်သရေရှိစာရေးဆရာမကိုလည်း ကျေးဇူးတင်ကြောင်း သူမကပြောခဲ့ပါတယ်။

တစ်ချို့ကလည်းပြောကြတယ်။ လျော်ကြေးပေးလို့ ကျေအေးပေးလိုက်တယ်ဆိုတာ မဟုတ်ပါဘူး။ ညီမ တစ်ပြားတစ်ချပ်မှမယူပါဘူး။ စာချုပ်ထဲမှာ အားလုံး အပြည့်အစုံချုပ်ဆိုထားပါတယ်။

လူဆိုတာအမှားနဲ့မကင်းပါဘူး။ ညီမပြောချင်တာကတော့ သူပြန်ထွက်လာလို့ အနုပညာအလုပ်တွေလုပ်ရင်လည်း သူ့ကို အားပေးတဲ့ပရိသတ်တွေ ဆက်ပြီးအားပေးလိုက်ပါလို့ သူမ ထပ်လောင်းပြောသွားခဲ့ပါတယ်။

Can’t wait to say

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.