
Posted on







 

 



Unicode
လောကဓံရဲ့ကြမ်းတမ်းမှုကြောင့် သတ်သေဖို့ထိ စဉ်းစားဖူးတယ်ဆိုတဲ့ လက်ရွေးစင် ဘောလုံးကစားသမားဟောင်း စန်းစန်းမော် …

မြန်မာလက်ရွေးစင် အမျိုးသမီးဘောလုံးကစားသမားဟောင်းဖြစ်တဲ့ စန်းစန်းမော်ဟာ ဘဝ လောကဓံကြောင့် ဝါသနာပါတဲ့ ဘောလုံးကစားခြင်းကို လုပ်ကိုင်နိုင်ခြင်းမရှိတော့ဘဲ

ဘဝဝမ်းစာအတွက် အကြော်ဆိုင်လေးကို ဖွင့်ကာ ရုန်းကန်နေရတာပါ…။ မိဘတွေအတွက် ၊ ညီအစ်ကိုမောင်နှမတွေအတွက် ရည်ရွယ်ပြီး ဆိုင်ဖွင့်ဖြစ်တဲ့အကြောင်းလေးကို ရင်ဖွင့်ပြောပြလာခဲ့ပါတယ်..။

လက်ထောက်နည်းပြ လုပ်နေပေမယ့် ဆယ်တန်းကလေး စာမေးပွဲတွေရှိနေတာကြောင့် ဝမ်းရေးအဆင်မပြေလို့ ဆိုင်လေးကို ဖွင့်ဖြစ်တဲ့အကြောင်းလေးကို ပြောပြလာခဲ့ပြီး ဘယ် တုန်းကမှ အခုလို ဘဝမျိုးနဲ့ ရုန်းကန်ပြီး လုပ်နေရမယ်လို့ မထင်ခဲ့တဲ့အကြောင်းလေးကိုလည်း ပြောပြလာခဲ့ပါတယ်..။

အဆင်မပြေတဲ့အရာတွေများလို့ မွန်းကြပ်လာလို့ မလုပ်ချင်တဲ့ စိတ်ဖြစ်ပြီး သတ်သေချင်တဲ့အထိ စိတ်တွေ ကျခဲ့တဲ့အကြောင်းလေးတွေကိုလည်း မျက်ရည်များနဲ့ ပြောပြလာခဲ့ပါတယ်…။

လက်ရှိမှာ လက်ထောက် နည်းပြ အလုပ်က မရှိသေးတာမို့ ဆိုင်ဖွင့်အကြော်ရောင်းခွင့်ကိုပြုထားတာပါလို့လည်းပြောပြလာခဲ့ပါတယ်..။ ဘောလုံးသမားဘဝကို ပြန်လည် လွမ်းမိတဲ့အကြောင်းလေးကို ရင်ဖွင့်လာတဲ့

လက်ရွေးစင် ဘောလုံးကစားသမားဟောင်း စန်းစန်းမော်ရဲ့ ရင်ဖွင့်ထားတဲ့ အင်တာဗျူး ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Source:Cele Connections

ခရက်ဒစ် Sakura (Cele Connections)

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.