ရွှေမြန်မာတွေ ဂုဏ်ယူရမယ့် ရုပ်ရှင်ဇာတ်ကားကြီး (သို့မဟုတ်) “ကြီးမြတ်သော မြန်မာ”

Posted on

လတ်တလော လူမှုကွန်ယက်မှာ နာမည်ကြီးနေပြီး၊ ပရိသတ်တွေကလည်း အရမ်း သဘောကျနေကြတဲ့ “ကြီးမြတ်သော မြန်မာ” 3D ရုပ်ရှင်ဇာတ်ကားကြီးကတော့ မြန်မာနိုင်ငံရဲ့အဖိုးထိုက်တန်တဲ့ အလှတရားတွေအပြင်၊ အနော်ရထာနဲ့ ကျန်စစ်သားတို့ရဲ့ဇာတ်လမ်းကိုပါ ထည့်သွင်းပုံဖော်ထားတာကြောင့် အရမ်းကို ကြည့်လို့မိုက်မှာ အသေအချာပါပဲ။ လတ်တလောမှာတော့ “ကြီးမြတ်သော မြန်မာ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့နမူနာဗီဒီယိုက လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့လာတာ တွေ့ရပါတယ်။ နမူနာဗီဒီယိုနဲ့တင် သိမ့်သိမ့်တုန်အောင် ကြည်နူးရတဲ့ “ကြီးမြတ်သော မြန်မာ” ရုပ်ရှင်ကတော့ မြန်မာလူမျိုးတွေရဲ့ကြားမှာ အောင်မြင်လာဦးမှာ အသေအချာပါပဲ။

ချစ်ပရိသတ်တွေအတွက် အရမ်းကို ကြီးကျယ်ခမ်းနားတဲ့ ရိုက်ချက်တွေနဲ့ အရမ်းကြည့်လို့မိုက်မယ့် “ကြီးမြတ်သော မြန်မာ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့နမူနာဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

အဆိုပါရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ နိုင်းနိုင်း၊ ရဲအောင်၊ နက္ခတ်၊ ထိုက်စံမောစ့်၊ ဝါဆိုမိုးဦး၊ ဂျူးဂျူးကေ၊ မြတ်သူသူဇင်နဲ့ တစ်ခြားသော သရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

အရမ်းကို ခမ်းနားတဲ့ “ကြီးမြတ်သော မြန်မာ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့နမူနာဗီဒီယို

မြန်မာနိုင်ငံရဲ့ပထမဦးဆုံး 3D ရုပ်ရှင်ဇာတ်ကားကြီးလို့လည်း ပြောလို့ရတဲ့ ကြီးမြတ်သောမြန်မာ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ လာမယ့် သြဂုတ်လ (၁၅) ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေလည်း အရမ်းကို ကြည့်လို့ကောင်းမယ့် “ကြီးမြတ်သော မြန်မာ” ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသရင် သွားရောက်အားပေးကြဖို့ မမေ့ပါနဲ့နော်။

Source;V7 entertainment
ခရက်ဒစ် မိုမိုလေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.