ရွှေပြည်သာမီးသတ်စခန်းရှေ့ ဖြစ်ခဲ့တဲ့ ပြဿနာအတွက် (၆)ကြိမ်မြောက် တရားရုံးတက်ရတဲ့ အခြေအနေကို ပြောပြလာတဲ့ ဒေါက်တာမြ၀တ်ရည်

Posted on

လွန်ခဲ့တဲ့ လ အနည်းငယ်တုန်းက မီးသတ်ရှေ့ ယာဉ်ရပ်နားမှုနဲ့ စကားများကာ ပြဿနာဖြစ်ခဲ့ရတဲ့ ဒေါက်တာ မြ၀တ်ရည် ကို ပရိသတ်များအားလုံး သတိထားမိခဲ့ကြမယ် ဖြစ်သလို ကိုယ့်ရဲ့ မှန်ကန်မှုကို အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း ရဲရဲဝင့်ဝင့်နဲ့ မှန်မှန်ကန်ကန် တိတိကျကျ ပြောဆိုနိုင်တဲ့ သူမကို ပရိသတ်တချို့ကျ ထောက်ခံအားပေးသူတွေ လည်း ရှိသလို ဝေဖန်နေကြသူတွေလည်း ရှိပါတယ်။

လက်ရှိမှာ အနုပညာလောကထဲ တစိတ်တပိုင်း ၀င်ရောက်လာပြီဖြစ်တဲ့ ဒေါက်တာ မြ၀တ်ရည် ခေါ် မတ်မတ်မြဟာ We Love ပရိသတ်တွေပါ ရရှိနေပြီဖြစ်ပြီး မကြာခင်မှာလည်း ရှိုးပွဲကြီးတစ်ခုအတွက် မော်ဒယ်လ်တစ်ယောက် အနေနဲ့ ပါ ရှိုးပါဝင်လျှောက်လှမ်းပေးဖိုက ကမ်းလှမ်းခံရတဲ့ထိ လူသိများအောင်မြင်မှုရရှိနေတာလည်းဖြစ်ပါတယ်။

ခွဲစိတ်ဆရာဝန်တစ်ယောက်အဖြစ် ရာထူးတိုးသွားခဲ့ရသလို လက်ရှိမှာ မီးသတ်နဲ့ ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေအတွက်လည်း အမှု ရင်ဆိုင်နေပြီ ဖြစ်ကြောင်း ဆိုလာပါတယ်။ သူမရဲ့ နစ်နာမှု အပေါ် ရွှေပြည်သာမီးသတ်ဌာနကို ရဲစခန်းမှာ အရင်ဆုံး တိုင်ကြားခဲ့သော်လည်း တရားစီရင်ဖို့အတွက် ဥပဒေ အရာရှိလက်ထဲကို မရောက်သေးတဲ့အထိ အချိန်ဆွဲကြန့်ကြာ မှုတွေ ဖြစ်ပေါ်နေကြောင်း ဆိုလာခဲ့ပြီး

လက်ရှိ မီးသတ်ဌာနက တရားပြန်စွဲဆိုထားတဲ့ တရားရင်ဆိုင်မှုနဲ့ ပတ်သက်လို့ “ဒီနေ့က အင်းစိန် ၊ မော်တော်ယာဉ်ရုံးကို ဆင့်ခေါ်တာပေါ့။ မော်တော်ယာဉ် ဥပဒေ ပုဒ်မ (၆၅) နဲ့ ယာဉ်မရ နေရာမှာ အမက ယာဉ်ရပ်နားမိလို့ ယာဉ်ထိန်းရဲ့ကနေပြီးတော့ အမကိုစခန်းမှုးရဲ့ ညွန်ကြားချက်အရ အမှုဖွင့်ဆိုထားတာလည်း ဖြစ်ပါတယ်။

တကယ်တမ်းကျတော့ အခင်းဖြစ်တဲ့ နေ့မှာ ယောက်ျား(၁၀) ယောက်နဲ့ အမတစ်ယောက်နဲ့မချေမငံ တွေ ဖြစ်သွားကြတယ်။ အမကို ၀ိုင်းအော်တယ်။ဝိုင်းပြောတယ်…အဲ့ဒီအတွက် အမကို မတောင်းပန်ဘူး…. အဲ့ဒီအတွက် အမက ရဲစခန်းကို အရင်ဆုံးသွားတိုင်တယ်။သို့သော် တကယ်တမ်း အစစ်ခံရတာက အမက အရင်စစ်ခံရတယ်။ အဖွဲ့အစည်းစတ်ခုနဲ့ ယှဉ်တဲ့ အမျိုးသမီးက ကိုယ့်ရဲ့ နစ်နာမှုကို အရင်ဆုံး အမှုဖွင့်ခဲ့ပေမဲ့ အမရဲ့ အမှုက ဥပဒေ အရာရှိလက်ထဲကို မရောက်သေးဘူး။

သူတို့ တိုင်ထားတဲ့ ယာဉ်မရပ်ရ ဥပဒေအတွက် တရားရင်ဆိုင်နေရတာ (၆) ကြိမ်မြောက်ရှိပြီ။ အမ ဘက်က ပြည်သူတစ်ယောက်အနေနဲ့ အရင်ဆုံးတိုင်ကြားထားတဲ့ အမှုက ဘာကြောင့် ကြန့်ကြာမှုတွေ ဖြစ်နေတာလဲ။ ” လို့ ဒေါက်တာ မြ၀တ်ရည်က ခုလို မေးခွန်းထုတ်ကာ ပြောကြားလာတဲ့ Video လေးကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်နော်…။.

Source: CeleGabar
ခရက်ဒစ်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.