ဂီတလောကမှာ အခုအချိန်ထိ ပရိသတ်အားပေးမှု ရရှိထားသလို Single Mother တစ်ယောက် အဖြစ် ဘဝကို ရဲရဲရင့်ရင့် ရင်ဆိုင်နေသူတွေ ထဲမှာ အေသင်ချိုဆွေလည်း တစ်ယောက်အပါအဝင်ပါ။ အေသင် ကတော့ သမီးလေး Ivy ကို ပရိသတ်တွေသိအောင် မိတ်ဆက်ပေးခဲ့ပြီး အခုအချိန်ထိ Single Mother တွေရဲ့ အခက်အခဲတွေ ၊ လူမှုရေးကိစ္စ အဝယကို ဖြေရှင်းပေးဖို့ကြိုးစားနေသူလည်းဖြစ်ပါတယ်။
မကြာသေးခင်က ရန်ကုန် ၊ ရွှေပေါက္ကံ က သမီးငယ်လေး Grace ရဲ့ သက်ငယ်မုဒိန်းမှု ကိစ္စ မှာ အေသင် တစ်ယောက် ကူညီလှူဒါန်းတော့မယ်လို့သိရပါတယ်။ Victoria လေးရဲ့ ကိစ္စမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝန်းရံမှုတွေရှိနေပေမယ့် တကယ် နွမ်းပါးပြီး အကူအညီလိုအပ်နေတဲ့ Grace လေးရဲ့ ကိစ္စ ကတော့ အာရုံစိုက်ခံရမှု အားနည်းနေသလို ၊
Grace လေးအတွက်လည်း ကျန်းမာရေးနဲ့ ပြန်လည်ထူထောင်ဖို့ အကူအညီတွေ လိုအပ်နေတယ် လို့ လူမှုကွန်ရက်တွေပေါ်မှာ ဖော်ပြနေခဲ့ကြတာပါ။
အေသင်ကတော့ “ရွှေပေါက္ကံကသမီးလေးရဲ့ မိသားစုကိုကိုယ်တိုင်သွားပြီး လှူဒါန်းချင်ပါတယ်။ အမသန္တာမျိုးကိုလည်းဆက်သွယ်မရလို့ သိရင်ပြောပေးကြပါဦး
ဒါက ရွှေပေါက်ကန်က ကလေးလေး အဖြစ်ပါ ဘယ်လိုရင်တွေကွဲရလည်း မသန္တာမျိုး post တွေဖတ်တိုင်း မျက်ရည်ကိုမဆည်နိုင်ဘူး ။ မသန္တာမျိုး ရေးထားတာ copy လာတာပါ။” ဆိုပြီး လူမှုကွန်ရက်စာမျက်နှာကနေတဆင့် သူ့ရဲ့ အမြင်တွေကို ရေးသားဖော်ပြထားပါတယ်။
သိစေချင်လွန်းလို့  ပရိသတ်တွေလည်း အေသင့်  ကို ကူညီပြီး Grace ရဲ့ မိသားစုတွေသိအောင် ဒီ Post လေးကို ပြန်လည်မျှဝေပေးပါဦးနော်။
Source – Athen Cho Swe
No No May Ju Ju