ရွှေတိဂုံဘုရားမှာ ဆီမီးတစ်သောင်းလှူရင်း ကုသိုလ်ယူနေတဲ့ ဖွေးဖွေး

Posted on

ဒီကနေ့ သြဂုတ်လ(၉)ရက်နေ့ကတော့ ပြည်သူချစ် မင်းသမီးချောလေး ဖွေးဖွေးရဲ့ (၃၁) နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဖွေးဖွေးက အနုပညာသက်တမ်း (၁၀)နှစ်ကျော်မှာ အောင်မြင်မှုတွေ များစွာ ရရှိခဲ့ပြီး အားပေးသူပရိသတ် အမြောက်အများနဲ့ ရပ်တည်နေတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ အဲါဒါကြောင့်လည်း အသက်ငယ်ငယ်လေးနဲ့ အကယ်ဒမီဆု(၃)ဆု တိတိကို ဆွတ်ခူးရရှိထားခဲံ့တာ ဖြစ်ပါတယ်။

မနက်ပိုင်းမှာတော့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ခဲ့တဲ့ ဖွေးဖွေးက ဒီကနေ့ည (၈)နာရီမှာတော့ ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှာ ဆီမီးတစ်သောင်း ထွန်းညှိပူဇော်နေတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေအတွက် ရွှေတိဂုံဘုရားမှာ ဆီမီးပူဇော်နေတဲ့ ဖွေးဖွေးရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ရွှေတိဂုံဘုရားမှာ ဆီမီးတစ်သောင်းလှူရင်း ကုသိုလ်ယူနေတဲ့ ဖွေးဖွေး


ဖွေးဖွေးကတော့ မွေးနေ့လေးကို တစ်နေကုန် အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလဲ ဖွေးဖွေးအတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ကြပါဦးနော်။

Source: Kyaw Kyaw Win’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.