ရေးမြို့ ၉၀ ရာခိုင်နှုန်းကျော် ရေလွှမ်းသွားပြီး ရပ်ကွက်များတွင်ပိတ်မိသူ ၁၀၀၀ ခန့်​ရှိ နေကြောင်း အတည်ပြု

Posted on

၁၁.၈.၂၀၁၉ နံနက်​ ၀၁၄၅ ရေးမြို့ ရွှေပြည်သာ ၊ အောင်မင်္ဂလာ၊ ရန်ကြီးအောင်၊ ရန်မင်းအောင်ရပ်ကွက်၊ အောင်သုခ ရပ်ကွက်၊ အောင်မေတ္တာရပ်ကွက်၊ သီရိခေမာ ရပ်ကွက်များတွင်​ ကယ်​ဆယ်​​ရေးဝင်​​/ထွက်​ ဖို့ရာခက်​ခဲ​နေ ​ရေစီးအားသန်​ မြို့နယ်​အားကစားရုံ၌ အခြေချပြီးတပ်​မ​တော်​သားများ၊ မြို့နယ်ထွေအုပ်၊ မြန်​မာနိုင်​ငံရဲတပ်​ဖွဲ့ဝင်​များ၊ မီးသတ်တပ်​ဖွဲ့ဝင်​များနှင့်​ လူမှု​ရေးအသင်းအဖွဲ့များ အားလုံး ကယ်​ဆယ်​​ရေးလုပ်​ငန်းများမနားမ​နေ​ဆောင်​ရွက်လျှက်​ရှိ။

ယခု ရေး တစ်မြို့လုံးအတိုင်းအတာနဲ့ ၉၀ ရာခိုင်နှုန်းလောက်က ရေလွှမ်းနေတာဖြစ်လို့ အရှိန်အဟုန်ဖြင့်​​ဆောင်ရွက်နေရ။

မြို့နယ်​အားကစားရုံ အခြေချပြီး ​ရေ​ဘေးကယ်​ဆယ်​​မှုများ စဉ်​ဆက်​မပျက်​​ဆောင်​ရွက်​လျှက်​ရှိ​ကြောင်းသိရှိနိုင်​ပါရန်​တင်​ပြအပ်​။

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် လက်ရှိအချိန်၌ မော်လမြိုင်မြို့တွင် ရောက်ရှိနေပြီး ရေးမြို့ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိပါသည်။

ကယ်ဆယ်ရေးလှေများ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ပြီးဖြစ်သည်။လိုအပ်သော ကယ်ဆယ်ထောက်ပံ့မှုများ ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှထုတ်ပြန်လိုက်သည်။

လေးစားမှုဖြင့် ခရက်ဒစ်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.