ရေးမြို့ မှာ ပိတ်မိနေတဲ့ဒေသခံတွေအတွက် လူမှုကွန်ရက်ပေါ်ကနေ အကူအညီတောင်းလိုက်တဲ့ ခင်နှင်းကြည်သာ

Posted on

ပရိသတ်ကြီးရေ ၊ တကိုယ်တော် ပရဟိတသမားများ ကွန်ရက် ကို စတင်တည်ထောင်သူ ပရဟိတ စာရေးဆရာမလေး ခင်နှင်းကြည်သာ ကတော့ လက်ရှိ မွန်ပြည်နယ်မှာကြုံတွေကနေရတဲ့ ရေဘေးအတွက် စာဖတ်ပရိသတ်တွေ ၊ ပရဟိတ လုပ်ဖော်ကိုင်ဖက်တွေကို အကူအညီတောင်းလိုက်ပါတယ်။ခင်နှင်းကြည်သာ တစ်ယောက် သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အကူအညီတောင်းလိုက်တာပါ ။

 

လက်ရှိမှာတော့ ရေးမြို့ တစ်မြို့လုံး နီးပါး ရေလွှမ်းခံရနိုင်တဲ့ အနေအထားကို ရောက်ရှိနေတာလည်းဖြစ်ပါတယ်။ ခင်နှင်းကြည်သာက “ရေးမြို့ကို ၉၀ ရာခိုင်နှုန်းကျော် ရေဖုံးနေပြီမို့ ပိတ်မိနေသူများကို ခေါ်ထုတ်နိုင်ဖို့ လှေများ လိုအပ်နေပါတယ်။ကူညီနိုင်သူများ အမြန်ဆုံး ကြိုးစားပေးကြပါနော်။” ဆိုပြီး အကူအညီတောင်းထားတာပါ ။

 

ခင်နှင်းကြည်သာက “ ရန်ကုန်မြို့မှာ speed boat များ ရနိုင်ရင် သွားပေးကြပါနော် ဆိုပြီး အကူအညီတောင်းထားသလို ။စိတ်ပူနေကြတဲ့ မွန်က စာဖတ်ပရိသတ်တွေအတွက် “ကျွန်မတို့ ကြိုးစားကြည့်ကြပါမယ်။ အားလုံးမောင်နှမတွေမို့ ဘယ်ဒေသထိထိ ကိုယ့်မိဘဆွေမျိုး နာကျင်သလို တကယ်နာကျင်ရပါတယ်။ ကျွန်မတို့ ရှိနေပါတယ်နော်။” ဆိုပြီး နှစ်သိမ့်ထားတာပါ ။ ပရိသတ်ကြီးလည်း ရေဘေးသင့်ဒေသတွေ ကို ဘယ်လိုကူညီသင့်သလဲဆိုတာ မှတ်ချက်ကနေပြောပေးခဲ့ကြပါဦး ။

 

Source – Khin Hnin Kyi Thar

Noe Noe May Ju Ju

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.