ရေးမြို့ က ရေဘေးသင့် ပြည်သူတွေကို ကိုယ်တိုင် ကယ်တင် ခဲ့တဲ့ ဝေဠုကျော်

Posted on

ပရိသတ်ကြီးရေ မင်းသားကြီးတစ်ယောက်ဖြစ်တဲ့ ဝေဠုကျော်ကတော့ အနုပညာအလုပ်တွေလုပ်ဆောင်နေသလို ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံလုပ်ဆောင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ‘ဒီနေ့မနက်မှာတော့ ၉၀ ရာခိုင်နူန်း ရေထဲရောက်သွားပြီဖြစ်တဲ့ ရေးမြို့ကို ကယ်ဆယ်ရေးပေးရန် ဝေဠုကျော် တို့အဖွဲ့သားတွေဟာ မော်လမြိုင် ကနေထွက်ခွာလာခဲ့ကြတာပါ ။

ဒီနေ့နေ့လည် မှာတော့ ကိုဝေကြီးတို့ အဖွဲ့သားတွေဟာ ရေးမြို့ကိုရောက်တာနဲ့ရေနစ်မြှုပ်လျှက်ရှိသည့်ရေးမြို့ရပ်ကွက်၁၀ရပ်ကွက်ကို ကိုဝေဠုကျော် ကိုယ်တိုင် စက်လှေဖြင့်တစ်ရပ်ကွက်ချင်းလှည့်လည်ကာ ပိတ်မိနေသူများကိုသွားရောက်ကယ်ဆယ်ခဲ့တယ်လို့သိရပါတယ်။ထမင်းထုတ်လိုအပ်သူများကိုလဲထမင်းထုတ်များလိုက်လံဝေပေးခဲ့တယ်လို့ သိရပါတယ်။

 

ဝေဠုကျော် တို့ အဖွဲ့သားတွေဟာ ရေးမြို့စာသင်ကျောင်းလုပ်ငန်းခွင်မှာရန်ကုန်မှာလာအလုပ်
လုပ်ကြသည့် ပန်းရံအလုပ်သမားများရေကြီးမှုကြောင့်၎ရက်
တိတိပိတ်မိနေခဲ့တဲ့ သတင်းရရချင်းဒီနေ့ကို
ဝေဠုကျော်စက်လှေနဲနှစ်ကြိမ်တိုင်တိုင်သွားရောက်ကယ်
ထုတ်ပေးခဲ့ရတယ် လို့ သိရပါတယ် ။မနက်ဖြန်လဲဆက်လက်ကူညီကယ်
ဆယ်ဦးမှာပါ ရေးမြို့မှာမိုးကတော့တအားရွာနေတော့ရေ
ပြန်တက်မှာကြောက်နေရတယ် လို့ ဆိုပါတယ်။ပရိသတ်ကြီးရေ ပရဟိတမင်းသားကြီးဝေဠုကျော် ရဲ့ ကူညီမှုတွေအတွက် မှတ်ချက်ကနေ တစ်ခုခုပြောခဲ့ကြပါဦး ။

Source – စိုင်းနေမျိုး မောင်မောင်
Noe Noe May Ju Ju

 

 

Source – စိုင်းနေမျိုး မောင်မောင်
Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.