ပရိသတ်ကြီးရေ၊ အားလုံးကချစ်ကြတဲ့ ပရဟိတမင်းသမီးချော ခိုင်နှင်းဝေကတော့ ပြည်သူတွေ ရဲ့ အခက်အခဲတွေကို တစ်ဖက်တစ်လမ်းကနေကူညီနေတဲ့ မင်းသမီးတစ်လက်ပါ ။အခုတစ်ခေါက်မှာတော့ ခိုင်နှင်းဝေက ကရင်ပြည်နယ် ရေဘေးကို သွားရောက်ကူညီမယ့်အကြောင်း လူမှုကွန်ရက်ကနေပြောပြလာပါတယ်။
ခိုင်နှင်းဝေက “ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ဒေါ်လန်းကျေးရွာအုပ်စု မှရေဘေးသင့်ပြည်သူများသို့ ကျမရဲ့ ခိုင်နှင်းဝေပရဟိတအသင်းမှ သဘာဝဘေးအန္တရာယ်များအတွက်ရံပုံငွေထဲမှ ၅၀၀၀၀၀ မတည်ကာ သွားရောက်လှူဒါန်းမှာဖြစ်ပါတယ်ရှင်…ဒေါ်လန်းကျေးရွာအုပ်စု အိမ်ခြေ စုစုပေါင်း — ၁၁၄၃ စုအိမ်ထောင်စုတစ်စုလျှင်,,,
ဆန် — ၅ပြည် (တစ်ပြည် ၁၀၀၀ထောင် နှုန်း×၅ = ၅၀၀၀ကျပ် )
ဆီ၁လီတာ — ၂ဗူး ( ၁ဗူး၈၀၀ကျပ်×၂ = ၁၆၀၀ကျပ်)
ငါးသေတ္တာ — ၁၀ဗူး ( တစ်ဗူး၃၅၀ကျပ်×၁၀ = ၃၅၀၀ကျပ်)
ရေသန့်၁လီတာ — ၁ကဒ် ( ၈၅၀ကျပ်)
မုန့်ခြောက် — ၂ထုပ် (တစ်ထုပ် ၇၀၀ ကျပ်×၂ = ၁၄၀၀ကျပ်)
အိမ်ထောင်စုတစ်စုလျှင်စုစုပေါင်း = ၁၂,၃၅၀ ကျပ်နှုန်းဖြင့် ရေဘေးသင့်ကာကယံရှင်ပြည်သူများထံသို့ တိုက်ရိုက်လှူဒါန်းသွားမှာဖြစ်ပါတယ်…” လို့ဆိုပါတယ်
လှူဒါန်းချင်သူတွေအတွက် “ကျမရဲ့ fb messenger နှင့် အသင်းဖုန်းများသို့ ပါဝင်လှူဒါန်းချင်တယ်ဆိုပြီးဆက်သွယ်ထားသော အလှူရှင်များအားလုံးလည်း အခုဖော်ပြထားသည့်နှုန်းထားအတိုင်း မိမိလှူဒါန်းလိုသော အိမ်ထောင်စုအရေအတွက်အတိုင်းလှူဒါန်းနိုင်ပါတယ်…
ရေဘေးသင့်ပြည်သူများအားလုံး အခက်အခဲများမှအမြန်ဆုံးကင်းဝေးနိုင်ကြပါစေရှင်…”ဆိုပြီးဆုတောင်းပေးခဲ့ကြပါဦး။
Source – Khine Hnin Wai
Noe Noe May Ju Ju