ရေဘေးသင့်ဒေသတွေအတွက် အနုပညာနဲ့ ပေးဆပ်တော့မယ့် နှင်းဆီအဖွဲ့သားများ

Posted on

ပရိသတ်ကြီးရေ ၊ လက်ရှိမှုမှာ ကရင်ပြည်နယ် ၊ မွန်ပြည်နယ် တဝိုက်မှာ ရေကြီးနစ်မြုပ်မှုတွေကို ရင်ဆိုင်နေရတာဖြစ်ပါတယ် ။ ရေကြီးနစ်မြုပ်မှုတွေအတွက် ပြည်သူတွေကိုယ်တိုင် ကူညီပေးနေကြသလို ပြည်သူတွေချစ်တဲ့အနုပညာရှင်တွေကိုယ်တိုင်ကလည်း တစ်ဖက်တလမ်းက နေအကူအညီပေးနေကြတာဖြစ်ပါတယ် ။

 

ဒီလိုအနုပညာရှင်တွေထဲမှာ နှင်းဆီအဖွဲ့သားတွေလည်း ပါဝင်လာခဲ့ပါပြီ ။ လက်ရှိမွန်ပြည်နယ်ရေဘေး နဲ့အခြားရေဘေးသင့်ဒေသတွေအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေဆောင်ရွက်နိုင်စေဖို့ ရာမညနှင်းဆီ အမည်နဲ့ နှင်းဆီအဖွဲ့သားတွေက ဖျော်ဖြေတော့မှာဖြစ်တယ်လို့ဆိုပါတယ်။

 

နှင်းဆီအဖွဲ့ရဲက ပဲ့ကိုင်ရှင် ဒါရိုက်တာ မောင်မျိုးမင်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ – “မိုးတွေကြီးလို့ ရေလျံ၊မြေပြို၊ကမ်းပြို၊ဒုက္ခရောက်နေတဲ့
ကျနော်တို့မွန်ပြည်နယ်က ညီအစ်ကိုမောင်နှမတွေအတွက်
ရာမညနှင်းဆီ ,ဆိုတဲ့နာမည်လေးနဲ့
ရံပုံငွေထောက်ပံ့မယ့် ပွဲကလေးတစ်ပွဲကရင်
ကောင်းမယ်လို့ စဉ်းစားရင်း…..
တိုင်ပင်နေကြပါပြီ။ အခုတော့မွန်ပြည်နယ်တခုထဲမဟုတ်တော့တဲ့
အတွက် ‘မိုးထဲ၊ရေထဲ၊ဝေမြဲ နှင်းဆီ ‘,လို့ပြောင်း
ထားပါတယ်။”လို့ ရေးသားထားတာကိုတွေ့ရပါတယ်။ မိုးရေထဲက အပူတွေကို ငြိမ်းသတ်ပေးမယ့် နှင်းဆီအဖွဲ့သားတွေအတွက် မှတ်ချက်ကနေ အားပေးစကားပြောခဲ့ကြပါဦး။
Source – Maung Myo Min

Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.