ရေဘေးသင့်ရတဲ့ ပြည်သူတွေ အတွက် ရဲရဲတောက် ခံစားချက်တွေထုတ်ဖော်လိုက်တဲ့ သျှီ

Posted on

ပရိသတ်ကြီးရေ ၊လက်ရှိမှာတော့ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် မြေပြိုမှုတွေ ၊ အသက်ဆုံးရှုံးမှုတွေ ကို မွန်ပြည်နယ် အပါအဝင် နေရာတော်တော်များများမှာကြုံတွေ့နေရတာပါ ။ စိတ်မချမ်းမြေ့စရာ ဒီအဖြစ်ဆိုးတွေအတွက် ပြည်သူချစ်သောအနုပညာရှင်တွေကလည်း ဝမ်းနည်းစကားဆိုမှုတွေ ၊ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးမှုတွေကို တဖက်တလမ်းက ပြုလုပ်ပေးနေတာပါ ။

ဒီလိုအနုပညာရှင်တွေထဲ မှာ နိုင်ငံကျော် တေးသံရှင် သျှီ လည်း ပါဝင်လို့လာခဲ့ပါတယ်။ သျှီကတော့ ရေကြီးရခြင်းရဲ့ တရားခံတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ လှစ်ဟပြခဲ့တာပါ ။

သျှီက “ရေထိန်းတောတွေ မရှိတော့တဲ့နောက်ဒလဟောကျတဲ့ ရေတွေဟာ
သစ်မခုတ်ခဲ့သူတွေကို ဝါးမြိုတယ်” ဆိုပြီး ရေးသားခဲ့တာပါ ။ မှတ်ချက်ကနေလည်း “အကြောင်း တွေ အကျိုး တွေ ပေါ့လေ …ဖြစ်သူတွေ အဟောင်းခံ ပြီးကြမို့
ပြုသူတွေ အလှည့်အတွက်လည်း သနားမိပါတယ်သဘာဝတရားကြီး ဟာ
ကိုယ့်ကြောင့် မပျက်ခဲ့တာတော့ လိပ်ပြာလုံ မိပါတယ်” ဆိုပြီး ပြောဆိုထားတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးရေ သျှီ ရဲ့ ရဲရဲတောက်စကားတွေအတွက် မှတ်ချက်ပေးခဲ့ကြပါဦး။

Source – SHE
Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.