
Posted on





Credit Myanmarload

Unicode
ရေဘေးသင့်ပြည်သူများကို ကူညီဖို့ ရန်ပုံငွေဖျော်ဖြေပွဲကြီးပြုလုပ်တော့မည့် နှင်းဆီအငြိမ်အဖွဲ့သားများ

နှင်းဆီအဖွဲ့ကတော့ ပရိသတ်အချစ်တော် အနုပညာရှင်တွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ အငြိမ့်အဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။ နှင်းဆီအဖွဲ့မှာတော့ လူရွှင်တော်တွေအဖြစ် နေတိုး၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း ၊ မင်းမော်ကွန်း နဲ့ရဲလေးတို့ပါဝင်ပါတယ်။ နှင်းဆီရင်ခွင် လူမှုကူညီရေးအသင်းကို တည်ထောင်ထားတဲ့ နှင်းဆီအဖွဲ့သားတွေကတော့ အရေးကြုံလာရင် ပြည်သူတွေအတွက် ရန်ပုံငွေရှာဖွေပြီး လက်မနှေးဘဲ လှူဒါန်းကူညီလေ့ရှိကြတာပါ။

မကြာခင်မှာတော့ နှင်းဆီအဖွဲ့သားတွေက ဖျော်ဖြေပွဲတစ်ခု ပြုလုပ်ကျင်းပကြ မည်လို့ သိရပါတယ်။ ဒီဖျော်ဖြေပွဲက လက်ရှိမှာ သဘာဝဘေးဒဏ်ခံစားနေရတဲ့ ပြည်သူတွေအတွက် ရန်ပုံငွေရရှိနိုင်ဖို့အတွက် ကျင်းပပြုလုပ်ပေးတာပါ။ နှင်းဆီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကျော်ကျော်ဗိုလ်က ” သဘာဝဘေးဒဏ် ခံစားနေရသောပြည်သူများအတွက် ရန်ပုံငွေရရှိနိင်ရေးအလို့ဌာ မင်္ဂလာပါ မန္တလေး …ကျွန်တော်တို့မကြာမှီ …လာပါမည် ။” ဆိုပြီး ပြောပြလာခဲ့ပါတယ်။

ဒါ့အပြင် ရဲလေးကလည်း ”မနေ့ညကဆရာဦးမျိုးမင်းနဲ့ ကျွန်တော့်နှင်းဆီအစ်ကို တော်တွေ လှမ်းပြီးအကြောင်းကြားတယ် …ရဲလေး ငါတို့ ရေဘေး အတွက် နှင်းဆီ ထပ်ကမယ် တဲ့မင်း OK လားတဲ့ ကျွန်တော် အဆင်သင့်ပါပဲလို့ပြန်ပြောလိုက်ပါတယ် မကြာမှီ နှင်းဆီပရိသတ်များအတွက်အသစ်တစ်ခု …” ဆိုပြီး နှင်းဆီအဖွဲ့ရဲ့ဖျော်ဖြေပွဲအကြောင်း ပြောပြထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်အချစ်တော် နှင်းဆီအဖွဲ့ရဲ့ ရန်ပုံငွေဖျော်ဖြေပွဲကြီးကတော့ ဘယ်လိုပုံစံအသစ်တွေနဲ့ ပရိသတ်တွေရှေ့ရောက်ရှိလာမလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းနေတာပဲ ဖြစ်ပါတယ်။

Source: Kyaw Kyaw Bo & Ye Tun Min

Credit Myanmarload

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.