ရေဘေးကယ်ဆယ် နိင်ဖို့ ခရီးဆက်လက် ထွက်ခွာနေတဲ့ ဝေဠုကျော်

Posted on

ပရိသတ်ကြီးရေ ၊ မနေ့ကတော့ ဝေဠုကျော် နဲ့ အဖွဲ့သားတွေဟာေ့ရေနစ်မြှုပ်လျှက်ရှိသည့်ရေးမြို့ရပ်ကွက်၁၀ရပ်ကွက်ကို စက်လှေဖြင့်တစ်ရပ်ကွက်ချင်းလှည့်လည်ကာ ပိတ်မိနေသူများကိုသွားရောက်ကယ်ဆယ်ခဲ့တာပါ။ဒါ့အပြင် ထမင်းထုတ်လိုအပ်သူများကိုလဲထမင်းထုတ်များလိုက်လံဝေပေးခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့မှာတော့ ကိုဝေကြီးတို့အဖွဲ့ နောက်ထပ်ရေဘေသင့်နေရာတွေကို ကူညီနိုင်ဖို့ ဆက်လက်ထွက်ခွာနေကြတယ်လို့သိရပါတယ်။ ကိုဝေကြီးတို့ အဖွဲ့သားတွေဟာ ဟံကံရွာနှင့်ကျောင်းတော်ရွာကူညီကယ်ဆယ်ရေးခရီး ကို သွားရောက်မှာဖြစ်တယ်လို့သိရပါတယ်။

စိုင်းနေမျိုး မောင်မောင် အကောင့်ပိုင်ရှင်က” ရေးမြို့ကနေ၈မိုင်ကွာဝေးပြီးရေဘေးသင့်နေတဲ့ ဟန်ကန်
ရွာကိုသွားရောက်ကယ်ဆယ်ကူညီပေးပါမယ်။ဟံကံရွာ
က အိမ်ထောင်စုတစ်ထောင်ရှိပြီးရွာကြီးတစ်ရွာဖြစ်ပါတယ်။
ဟံကံရွာပီးရင် မန်အောင်ရွာနှင့် ကျောင်းတော်ရွာကိုဆက်လက်ကူညီပေး
မှာဖြစ်ပါတယ်။”လို့ရေးသားထားပါတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေကို ကိုယ်တိုင်စစ်ဆေးနေတဲ့ ဝေဠုကျော် ရဲ့ အားထုတ်မှုတွေက လေးစားစရာပါ ။ ပရိသတ်ကြီးရေ ဝေဠုကျော် တို့ အဖွဲ့သားတွေအတွက် မှတ်ချက်ပေးခဲ့ကြပါဦး ။

Source – စိုင်းနေမျိုး မောင်မောင်
Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.