ရောဂါမရှိတဲ့ အရင်ဘ၀လေးကို အများကြီး တမ်းတမိတယ်လို့ ပြောပြလာတဲ့ ရင်သားကင်ဆာ ခံစားနေရတဲ့ ဇာတ်ပို့သရုပ်ဆောင် မနွယ်နီ

Posted on

ရင်သားကင်ဆာ ရောဂါဝေဒနာကို ခံစားနေရတဲ့ ဇာတ်ပို့သရုပ်ဆောင် မနွယ်နီက ပြင်းထန်တဲ့ ရောဂါဝေဒနာကို အံတုရင်း သားသမီးတွေနဲ့ စိတ်ချမ်းသာအောင် နေနေရပါတယ်။

မနွယ်နီက ရောဂါမရှိတဲ့ အရင်ဘ၀လေးကို သတိရမိတယ်လို့ လက်ရှိဘ၀လေးနဲ့ နှိုင်းယှဉ်ပြီး ပြောပြလာခဲ့ပါတယ်။

“အရင်ဘ၀လေးကို အများကြီးတမ်းတတယ်။ တစ်ခါတစ်လေကျရင် ဘာစဉ်းစားမိလဲ ဆိုတော့ ဟိုးအရင်ပေါ့။ ဒီရောဂါမဖြစ်ခင်က ဘ၀လေးပေါ့ ညီမရယ် .. နောက် ရောဂါမဖြစ်ခင်က ကိုယ်စိတ်ဆင်းရဲခဲ့သည် ဖြစ်စေ၊ စိတ်ပျော်ရွှင်ရသည် ဖြစ်စေ၊ စိတ်ဆင်းရဲတဲ့ ဟာလေးတွေကိုလည်း သတိရတယ်။ စိတ်ပျော်ရွှင်ရတဲ့ ဟာတွေကိုလည်း သတိရတယ် ရောဂါမဖြစ်တဲ့အခါက။ အခုအချိန်မှာက အမကို ဘယ်လောက်ပဲ ပျော်အောင်ထားထား အမ ဒီရောဂါဆိုတာကြီးကို အမ ရင်ထဲမဖျောက်နိုင်ဘူးပေါ့” ဆိုပြီး မျက်ရည်များနဲ့ ပြောပြခဲ့ပါတယ်။

အပြင်မှာ ကြားနေရတဲ့ သတင်းတွေကြောင့် သမီးလေးအတွက် စိတ်မချဖြစ်နေရတယ် လို့လည်း ဆိုလာခဲ့ပါတယ်။

“နောက် အခုအချိန်မှာ ကြားရတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး အမ .. အမ သမီးလေးကို ထားစရာမရှိဘူး။ တစ်ခါတစ်လေကျရင် အိပ်လို့တောင် မရဘူး။ ငါ့သမီးလေးကို ငါမရှိရင် ဘယ်လိုလုပ်မလဲ .. ရှင်းရှင်းပြောရရင် ညီမရယ် ကြားရတာတွေနဲ့ ကိုယ့်သားသမီးကို ဘယ်လိုယောကျာ်းမျိုးနဲ့မှလည်း စိတ်မချနိုင်ဘူး။ ငါ့သားသမီး .. ငါ့သမီးလေး ကျောင်းတက်လို့အခါကျလို့ ရှိရင် ဘယ်သူကျောင်းကြိုပို့ လုပ်မလဲ၊ ဒီသမီးလေးကို ဘယ်လိုထားရမှန်းကို အမ မသိတော့ဘူး” ဆိုပြီး 7th Sense Creation မှာ ဇာတ်ပို့သရုပ်ဆောင် မနွယ်နီက သူမရဲ့ အကြောင်းလေးကို မျက်ရည်တွေ ကြားထဲက ပြောပြခဲ့ပါတယ်။

မနွယ်နီက သားလေး နှစ်ယောက်၊ သမီးလေး တစ်ယောက် သားသမီး (၃) ယောက်နဲ့အတူ ပျော်ရွှင်စွာနေထိုင်ရင်း ကွမ်းယာဆိုင်လေး ဖွင့်ကာ စီးပွားရှာနေရတာ ဖြစ်ပါတယ်။ ရှုတင်မရိုက်ရတော့တာဖြစ်လို့ ကွမ်းယာဆိုင်လေးနဲ့ ၀င်ငွေရှာခဲ့ရပေမယ့် မိုးတွင်းမှာ ရောင်းအားမကောင်းလို့ ဆိုင်ပိတ်ထားရပြီး ရှိတာလေးနဲ့ ချိုးချန်သုံးနေရတယ်လို့ ပြောပြခဲ့ပါတယ်။

ပရိသတ်ကြီးရေ .. ရောဂါကို အံတုရင်း သားသမီးတွေအတွက် စိတ်မချဖြစ်နေရှာတဲ့ မနွယ်နီတစ်ယောက် အမြန်ဆုံး ကျန်းမာပြီး ရုပ်ရှင်ဇာတ်ကားတွေ ပြန်ရိုက်နိုင်ပါစေလို့ ဆုတောင်းစကားလေးများကို မှတ်ချက်မှာ ပြောပေးခဲ့ပါဦးနော်။

 

Source : 7th Sense Creation

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.