ေရနံေခ်ာင္းျမိဳ့မွာ ရုပ္ရွင္ရိုက္ကူးျပီး ရန္ကုန္ျမိဳ့ကိုအျပန္ ကားအက္ဆီဒင့္ျဖစ္ခဲ့တဲ့ ပိုင္ျဖိဳးသုနဲ့ ဒါရိုက္တာဏၾကီး

မင္းသမီးေခ်ာ ပိုင္ျဖိဳးသုက လက္ရိွမွာေတာ့ သူမရဲ့ခင္ပြန္း ဒါရိုက္တာဏၾကီး ရိုက္ကူးပံုေဖာ္တဲ့ “ခ်စ္ခင္စေမွာ္႐ုံ” ရုပ္ရွင္ဇာတ္ကားၾကီး ရိုက္ကူးေနတာပဲ ျဖစ္ပါတယ္။ COVID 19 ေရာဂါေၾကာင့္ ရုပ္ရွင္ဇာတ္ကားၾကီး ရိုက္ကူးတာ ရပ္နားလိုက္ခ်ိန္မွာေတာ့ ပိုင္ျဖိဳးသုနဲ့ ဒါရိုက္တာဏၾကီးတို့ ဇနီးေမာင္နွံက ရန္ကုန္ျမိဳ့ကိုအျပန္ လမ္းမွာတင္ပဲ ကားအက္ဆီးဒင့္ ျဖစ္ခဲ့ၾကပါတယ္။ ဒါေပမယ့္ ပိုင္ျဖိဳးသုအေနနဲ့ သူမရဲ့ ပရိသတ္ေတြ စိတ္မပူရေစဖို့ အခုလိုပဲ ေျပာျပထားပါတယ္။

 

 

“သုသုတို႔ကိုသတင္းၾကားလို႔စိတ္ပူၿပီးဖုန္းဆက္ေမးၾကသူမ်ားရွိသလို တခ်ိဴ႕ကလည္းေပ်ာက္ေနတာၾကာလို႔ ေမးေနၾကသူမိတ္ေဆြမ်ားလည္းရွိတာမို႔ စိတ္မပူၾကဖို႔အတြက္ အခု facebook ကေနအသိေပးလိုက္ပါတယ္ရွင့္။ အခုျဖစ္ေနတဲ့ COVID 19 ေၾကာင့္ ကိုဏႀကီး႐ိုက္ကူးလက္စျဖစ္တဲ့ “ခ်စ္ခင္စေမွာ္႐ုံ” ႐ုပ္ရွင္ဇာတ္ကားႀကီး႐ိုက္ကူးမႈကိုရပ္နားၿပီးျပန္လာတဲ့ လမ္းမွာသုသုတို႔ယာဥ္မေတာ္တဆမႈျဖစ္ပါတယ္။”

 

 

“ကံေကာင္းေထာက္မစြာနဲ႔ အေရွ႕ခန္းမွာထိုင္တဲ့သုသုမန္ေနဂ်ာနဲ႔ ကားဆရာတို႔ Air bagပြင့္သြားတာေၾကာင့္ဘာမွမျဖစ္ပါဘူး။ အေနာက္ခန္းမွာထိုင္တဲ့ ကိုဏႀကီးနဲ႔သုသုကေတာ့ အနည္းငယ္ထိခိုက္ဒဏ္ရာရၾကပါတယ္။ (စိုးရိမ္စရာမရွိပါ) မ်က္ႏွာဖူးေယာင္ပြန္းပဲ့႐ုံ ေျခလက္အနည္းငယ္ထိခိုက္မိ႐ုံပါ(အ႐ိုးက်ိဳးတဲ့အထိမျဖစ္ပါ) ျပႆနာျဖစ္ခ်ိန္မွာ ဒဏ္ရာေတြနဲ႔‌သုသုတို႔ႏွစ္ေယာက္ကို ေဆး႐ုံပို႔စစ္ေဆးေပးၾကတဲ့ မသီတာနဲ႔ မမီး ကားကိစၥေတြ ရဲစခန္းမွာလိုက္ရွင္းေပးၾက႐ုံသာမက အိမ္အထိလင္မယားႏွစ္ေယာက္ကိုလိုက္ပို႔ေပးတဲ့ ေဒါင္းနဲ႔ ကိုသားညီတို႔ကိုလည္းေက်းဇူးအမ်ားႀကီးတင္ပါတယ္။”

 

 

 

“က်ိဳးပဲ့ျခင္းမရွိတဲ့အတြက္ အခုလိုအခ်ိန္မွာေဆး႐ုံမတက္ဖို႔ဆုံးျဖတ္ၿပီးအိမ္မွာသာ ေဆးေသာက္အနားယူေနၾကပါတယ္။ ခ်စ္ေသာမိတ္ေဆြမ်ားနဲ႔ ခုနစ္ရက္သားသမီးမ်ားလည္းေဘးကင္းက်န္းမာၾကပါေစ။ တတ္ႏိုင္သမွ် အိမ္မွာေနၾကပါ။ အားလုံးပဲ က်န္းမာၾကပါ‌ေစ။” ဆိုျပီး ပိုင္ျဖိဳးသုက သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွတဆင့္ ေျပာထားပါတယ္။ပိုင္ျဖိဳးသုနဲ့ ဏၾကီးတို့ကေတာ့ ထိခိုက္ဒဏ္ရာရရိွခဲ့ေပမယ့္ စိတ္ပူစရာမရိွဘူးလို့ သိရပါတယ္။ ပရိသတ္ၾကီးကလည္း ပိုင္ျဖိဳးသုနဲ့ ဏၾကီးတို့ ဇနီးေမာင္နွံနွစ္ေယာက္ အျမန္ဆံုးသက္သာေစဖို့ ဆုေတာင္းေပးၾကပါဦးေနာ္။

 

 

Source: Paing Phyoe Thu’s fb

ယူနီကုဒ္ျဖင့္ဖတ္ရန္

 

မင်းသမီးချော ပိုင်ဖြိုးသုက လက်ရှိမှာတော့ သူမရဲ့ခင်ပွန်း ဒါရိုက်တာဏကြီး ရိုက်ကူးပုံဖော်တဲ့ “ချစ်ခင်စမှော်ရုံ” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ COVID 19 ရောဂါကြောင့် ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးတာ ရပ်နားလိုက်ချိန်မှာတော့ ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာဏကြီးတို့ ဇနီးမောင်နှံက ရန်ကုန်မြို့ကိုအပြန် လမ်းမှာတင်ပဲ ကားအက်ဆီးဒင့် ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် ပိုင်ဖြိုးသုအနေနဲ့ သူမရဲ့ ပရိသတ်တွေ စိတ်မပူရစေဖို့ အခုလိုပဲ ပြောပြထားပါတယ်။

“သုသုတို့ကိုသတင်းကြားလို့စိတ်ပူပြီးဖုန်းဆက်မေးကြသူများရှိသလို တချိူ့ကလည်းပျောက်နေတာကြာလို့ မေးနေကြသူမိတ်ဆွေများလည်းရှိတာမို့ စိတ်မပူကြဖို့အတွက် အခု facebook ကနေအသိပေးလိုက်ပါတယ်ရှင့်။ အခုဖြစ်နေတဲ့ COVID 19 ကြောင့် ကိုဏကြီးရိုက်ကူးလက်စဖြစ်တဲ့ “ချစ်ခင်စမှော်ရုံ” ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးမှုကိုရပ်နားပြီးပြန်လာတဲ့ လမ်းမှာသုသုတို့ယာဉ်မတော်တဆမှုဖြစ်ပါတယ်။”

“ကံကောင်းထောက်မစွာနဲ့ အရှေ့ခန်းမှာထိုင်တဲ့သုသုမန်နေဂျာနဲ့ ကားဆရာတို့ Air bagပွင့်သွားတာကြောင့်ဘာမှမဖြစ်ပါဘူး။ အနောက်ခန်းမှာထိုင်တဲ့ ကိုဏကြီးနဲ့သုသုကတော့ အနည်းငယ်ထိခိုက်ဒဏ်ရာရကြပါတယ်။ (စိုးရိမ်စရာမရှိပါ) မျက်နှာဖူးယောင်ပွန်းပဲ့ရုံ ခြေလက်အနည်းငယ်ထိခိုက်မိရုံပါ(အရိုးကျိုးတဲ့အထိမဖြစ်ပါ) ပြဿနာဖြစ်ချိန်မှာ ဒဏ်ရာတွေနဲ့‌သုသုတို့နှစ်ယောက်ကို ဆေးရုံပို့စစ်ဆေးပေးကြတဲ့ မသီတာနဲ့ မမီး ကားကိစ္စတွေ ရဲစခန်းမှာလိုက်ရှင်းပေးကြရုံသာမက အိမ်အထိလင်မယားနှစ်ယောက်ကိုလိုက်ပို့ပေးတဲ့ ဒေါင်းနဲ့ ကိုသားညီတို့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။”

“ကျိုးပဲ့ခြင်းမရှိတဲ့အတွက် အခုလိုအချိန်မှာဆေးရုံမတက်ဖို့ဆုံးဖြတ်ပြီးအိမ်မှာသာ ဆေးသောက်အနားယူနေကြပါတယ်။ ချစ်သောမိတ်ဆွေများနဲ့ ခုနစ်ရက်သားသမီးများလည်းဘေးကင်းကျန်းမာကြပါစေ။ တတ်နိုင်သမျှ အိမ်မှာနေကြပါ။ အားလုံးပဲ ကျန်းမာကြပါ‌စေ။” ဆိုပြီး ပိုင်ဖြိုးသုက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှတဆင့် ပြောထားပါတယ်။

ပိုင်ဖြိုးသုနဲ့ ဏကြီးတို့ကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် စိတ်ပူစရာမရှိဘူးလို့ သိရပါတယ်။ ပရိသတ်ကြီးကလည်း ပိုင်ဖြိုးသုနဲ့ ဏကြီးတို့ ဇနီးမောင်နှံနှစ်ယောက် အမြန်ဆုံးသက်သာစေဖို့ ဆုတောင်းပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.