ရေကူးကန်ထဲမှာ အနမ်းပေးရင်း သာယာကြည်နူးစွာ အပန်းဖြေနေကြတဲ့ သင်ဇာဝင့်ကျော်တို့ချစ်သူနှစ်ဦး

ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ လက်ရှိမှာ ချစ်သူနဲ့အတူ ဖူးခက်ကမ်းခြေကို အလည်အပတ် ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဝေဖန်တိုက်ခိုက်မှုတွေကြားက နားလည်မှုအပြည့်နဲ့ ရှေ့ဆက်နေကြတဲ့ သင်ဇာတို့ချစ်သူနှစ်ဦးက အရမ်းကို လိုက်ဖက်ညီတဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်။ တွေ့ဆုံခွင့်ရတုန်း အချိန်လေးမှာ သင်ဇာတို့စုံတွဲလေးက လွတ်လွတ်လပ်လပ် အနားယူအပန်းဖြေရင်း ပျော်ရွှင်နေကြတာ ဖြစ်ပါတယ်။

 

 

 

သင်ဇာကတော့ သူမရဲ့ချစ်သူ နိုင်ငံခြားသားကို ပရိသတ်တွေနဲ့ အတိအလင်း မိတ်ဆက်ပေးထားပြီး Official တွဲနေတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကလည်း သင်ဇာရဲ့ချစ်သူက မြန်မာနိုင်ငံအထိ အလည်လာရောက်ပြီး သူမနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ အခုတော့ သင်ဇာတို့ချစ်သူနှစ်ဦးက ထိုင်းနိုင်ငံ၊ ဖူးခက်ကမ်းခြေမှာ အနားယူအပန်းဖြေနေတာ ဖြစ်ပါတယ်။

 

 

 

အခုလည်း သင်ဇာက ” Selfie with CoCo ” ဆိုပြီး ချစ်ရသူနဲ့အတူ ရိုက်ကူးထားတဲ့ အမိုက်စားပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ရေကူးကန်ထဲမှာ အနမ်းခြွေနေတဲ့ သင်ဇာတို့စုံတွဲလေးကတော့ အရမ်းကို သာယာကြည်နူးဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဖူးခက်ကမ်းခြေမှာ ပျော်ပျော်ပါးပါး အနားယူအပန်းဖြေနေတဲ့ သင်ဇာတို့ချစ်သူနှစ်ဦးရဲ့ Romantic ဆန်ဆန်ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

 

 

 

Source; myanmarload

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.