ယောက်ျားချင်း နှုတ်ခမ်းနမ်းရမယ့် ဇာတ်ဝင်ခန်းအတွက် စိတ်လှုပ်ရှားနေတဲ့ ဥက္ကာမင်းမောင်

Posted on

အနုပညာလောကရဲ့ လူသိများတဲ့ မင်းသားတွေထဲမှာ ဥက္ကာမင်းမောင်တစ်ဦးလည်း ပါဝင်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်နီးပါးလောက်က အနုပညာလောကကနေ ပျောက်ကွယ်သွားခဲ့ပြီး ပြည်ပမှာ ပညာသွားရောက် သင်ယူခဲ့တဲ့ သူကတော့ ယခုချိန်မှာ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေတာတွေ့ရပါတယ်။

ပြည်တွင်းမှာ လည်း LGBT တွေရဲ့ သူရဲကောင်းတစ်ယောက်အဖြစ် ဂုဏ်ပြုခံထားရသလို လိင်တူချစ်သူတွေရဲ့ ပြယုဂ်တစ်ခုဖြစ်လာတဲ့ ဥက္ကာတစ်ယောက် လက်ရှိမှာ လိင်တူအချစ် ဇာတ်လမ်းတိုရုပ်ရှင်တစ်ခုတစ်ခုကို ရိုက်ကူးနေတယ်လို့လာလည်း သိရပါတယ်။ ဥက္ကာတစ်ယောက် အခုလို ရိုက်ကူးခွင့်ရတာဟာ ပြည်ပရောက် မြန်မာသရုပ်ဆောင်တစ်ဦးအတွက် ကြီးမားတဲ့ အောင်မြင်မှုလည်းဖြစ်ပါတယ်။

ဥက္ကာမင်းမောင် ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာတော့ာ ဒီဇာတ်ကားမှာယောကျာ်းချင်း နှုတ်ခမ်းချင်းနမ်းတဲ့ ဇာတ်ဝင်ခန်းတွေပါဝင်မှာဖြစ်ပြီး အခုလို သရုပ်ဆောင်တာဟာလည်း သူ့ဘဝမှ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ဆိုပါတယ်။ ကိုဥက္ကာကတော့ သရုပ်မဆောင်တော့တာ နှစ်များစွာကြာခဲ့တာကြောင့် ကင်မရာရှေ့မှာ အခုလိုသရုပ်ဆောင်ရမယ့် အဖြစ်ကို ရင်ခုန်စိတ်လှုပ်ရှားနေတယ်လို့လည်းဆိုပါတယ် ။ ပရိသတ်ကြီးလည်း ကိုဥက္ကာအတွက် မှတ်ချက်ကနေ တစ်ခုခု ပြောပေးခဲ့ကြပါဦး။

Source – Ye Htoo Win
Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.