ယောကျာ်းလေးတွေဟာ မိန်းကလေးတွေရဲ့ ဒီလိုအရာလေးတွေကို စွဲလမ်းတတ်ကြပါတယ်….

မိန်းကလေးတွေတိုင်းဟာ ချစ်သူကို ရူရူးမူးမူး စွဲလန်းစေချင်တာ သဘာဝပါပဲ။ နေ့တိုင်း၊ အချိန်တိုင်းမှာ ချစ်သူရဲ့ မြတ်နိုးခြင်းကို ခံရအောင်လို့ ကြိုးစားနေတယ်ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားပါ။ ယောကျာ်းလေးတစ်ယောက်ကို ရူးရူးမူးမူးစွဲလန်းစေချင်ရင်တော့ အရင်ဦးဆုံး ဆွဲဆောင်မှုရှိနေဖို့လိုပါတယ်။ ဒီတော့ ဘယ်လိုအရာတွေက ယောက်ျားလေးတွေကိုဆွဲဆောင်လဲ၊ ဘယ်လိုအရာတွေကို ယောက်ျားလေးတွေက ရူးရူးမူးမူး စွဲလန်းတတ်လဲ ဆိုတာလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

 

(၁) အဝတ်အစား

စတိုင်ကျကျ၊ ဆွဲဆောင်မှုရှိရှိ ဝတ်တတ်တဲ့ မိန်းကလေးတွေကို ယောက်ျားလေးတွေက စွဲလန်းကြပါတယ်။ အထူးသဖြင့် မိန်းကလေးဆန်ဆန် လှလှပပ ဝတ်ဆင်ထားတာကို စွဲလန်းကြပါတယ်။

(၂) ဆံပင်

ယောက်ျားလေးတွေဟာ မိန်းကလေးတစ်ယောက်ရဲ့ ပျေျာ့ပျောင်းနူးညံ့တဲ့ ဆံကေသာကို စွဲလန်းကြပါတယ်။ ဒါပေမယ့် အဲဒါထက် ဆံပင်အနံ့လေးက မွှေးကြိုင်ပြီး သန့်ရှင်းနေတာကို ပိုပြီးစွဲလန်းကြပါတယ်။

(၃) နှုတ်ခမ်း

ယောက်ျားလေးတွေဟာ မိန်းကလေးတွေရဲ့ အရောင်တောက်ပြီး ရွှန်းလက်တဲ့ နှုတ်ခမ်းကို အထူးစွဲလန်းကြပါတယ်။ အထူးသဖြင့် တောက်ပတဲ့ နှုတ်ခမ်းတွေအောက်က ညီညာဖြူဖွေးနေတဲ့ သွားတန်းလေးကိုပါ။ ဒါကြောင့် ခံတွင်းသန့်ရှင်းရေးကိုလည်း ဘယ်တော့မှ မပေါ့ဆပါနဲ့။

(၄) အနံ့

ယောကျာ်းလေးတွေဟာ ကိုယ်သင်းနံ့ရှိတဲ့ မိန်းကလေးတွေကို ပိုပြီးစွဲလန်းတတ်ကြပါတယ်။ အကောင်းစား ရေမွှေးသုံးစရာ မလိုပါဘူး။ တစ်ကိုယ်ရည် သန့်ရှင်းမှုရှိရင်ကို လုံလောက်နေပါပြီ။

(၅) ခန္ဓာကိုယ်အချိုးအစား

ခန္ဓာကိုယ်လှတဲ့ မိန်းကလေးတွေဟာ ယောက်ျားလေးတွေရဲ့ ရူးရူးမူးမူး စွဲလန်းခြင်းကို ခံရပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ အစားအသောက်ပုံစံ၊ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ပြီး ခန္ဓာကိုယ်အလှကို ထိန်းသိမ်းထားဖို့ အရမ်းအရေးကြီးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.