“မွေးနေ့လေးကို ဖြတ်ကျော်ခဲ့ပြီးမှာပဲ စိတ်ဓာတ်ကျစရာတွေနဲ့ ကြုံနေရတဲ့ သူမကိုယ်သူမ ပြန်လည် အားပေးနေတဲ့ ဖွေးဖွေး”

Posted on

မြန်မာနိုင်ငံရဲ့ နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်တဲ့ မင်းသမီးဖွေးဖွေးကိုတော့ ပရိသတ်ကြီးနဲ့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ဖွေးဖွေးက ချစ်စဖွယ်အမူအရာနဲ့ဒဲ့ဒိုးပြောတတ်တဲ့ စတိုင်တွေနဲ့အတူ ဇာတ်ရုပ်တိုင်းကိုလည်း ရူးသွပ်မှုတွေနဲ့ အကောင်းဆုံး ပီပြင်အောင်သရုပ်ဆောင်ပြနိုင်မှုတွေနဲ့ ရရှိထားသူ ပဲဖြစ်ပါတယ်.။

အမြဲ ပျော်ပျော်နေတတ်ပြီး စိတ်ဓာတ်ကျတိုင်း အကောင်းဆုံးပြန်လည်ထကာ ချစ်တဲ့ ပရိသတ်တွေအတွက် ပြုံးပျော်စွာ အနုပညာအလုပ်တွေကို လုပ်ရင်းသူမရဲ့ နေ့ရက်တိုင်းကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းနေသူပါ.။ သြဂုတ်လ (၉)ရက်နေ့မှာပဲ အသက် (၃၂)နှစ်ပြည့်မွေးနေ့လေးကို ရိုးရှင်းမှုလေးတွေနဲ့ အလှူအတန်းတွေကို ပြုလုပ်ကာ ဖြတ်သန်းခဲ့တဲ့ ဖွေးဖွေးကတော့ ဒီဗန့သြဂုတ်လ (၁၄)ရက်နေ့မှာတော့ ပြိုလဲကျနေတဲ့ သူမရဲ့ စိတ်တွေကို ပြန်လည် အားတင်းနေတဲ့ စာလေးကို “BE STRONG ဖွေး…ပြိုလဲခဲ့ပြီးပြီ..တော်တော့.” ဆိုပြီး သူမရဲ့ My Day မှာ တင်လာခဲ့ပါတယ်.။

အမြဲ Strong ဖြစ်တဲ့ပုံစံနဲ့ ပရိသတ်တွေရှေ့ မိမိုက်စွာ ရပ်တည်နေပေမယ့် နောက်ကွယ်မှာတော့ စိတ်ဓာတ်ကျစရာတွေကို ကြုံတွေ့နေရတဲ့ ဖွေးစိန်လေးကတော့ သူမကိုယ်သူမ ပြန်လည် အားပေးမှုတွေနဲ့ စိတ်ဓာတ်မြင့်တင်နေတဲ့ပုံပါပဲနော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးလည်း ဖွေးဖွေးလေးကို အားပေးချစ်ခင်ရင် အားပေးစကားတွေကို မှတ်ချက်လေးတွေအဖြစ် ရေးပြီး အားပေးသွားပါဦးနော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။

Source: Phway Phway’ s Facebook
zawgyi



Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.