“မွေးနေ့လေးမှာ လိုအပ်နေတဲ့သူတွေကို တတ်နိုင်သလောက်လေးလှူဒါန်းပေးခဲ့တဲ့Make Up Artist လင်းလင်း”

Posted on

နာမည်ကျော်မိတ်ကပ်Artistတစ်ဦးဖြစ်တဲ့လင်းလင်းကို ပရိသတ်တွေကချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ လင်းလင်းကတော့ အလှဖန်တီးပိုင်းမှာ သူများနဲ့မတူ တစ်မူထူးခြားတဲ့ အလှမျိုးကို ဖန်တီးနိုင်တဲ့သူမျိုးဆိုလည်း မှားမယ်မထင်ပါဘူးနော်။ လင်းလင်းက အနုပညာရှင်တွေကို အလှဖန်တီးရင်းကနေ အောင်မြင်လာတဲ့ အပြင် ရုပ်ရှင်ဇာတ်ကားတွေထဲမှာလည်း သရုပ်ဆောင်ထားတာကို တွေ့ရမှာပဲဖြစ်ပါတယ်။

လင်းလင်းက အားပေးနေကြတဲ့ပရိသတ်တွေအတွက် အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ဒီကနေ့မှာ ကျရောက်တဲ့ မွေးနေ့လေးမှာ “လင်းရဲ့မွေးနေ့လေးမှာ တကယ့်လိုအပ်တဲ့ နေရာတွေမှာ ကူညီခွင့်ရလို့ မျက်ရည်တောင်ကျမိတယ် (၇)ရက်သားသမီးအားလုံး ထပ်တူရပါစေ”လို့ဆိုပြီး မွေးနေ့မှာ ကုသိုလ်ပြုခဲ့ကြောင်းကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။

လင်းလင်းရဲ့မွေးနေ့ကုသိုလ်ဒါနမြောက်အောင်လို့ ပရိသတ်တွေကလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါအုံးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်ပေးကြပါအုံးနော်။

Soure… Lin Linn’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.