မွေးနေ့အလှူလေးအဖြစ် နေအိမ်တွင် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခဲ့တဲ့ စန္ဒီမြင့်လွင်

Posted on






Credit Myanmarload, Photo – Thidar Khin

Unicode
မွေးနေ့အလှူလေးအဖြစ် သံဃာတော်များပင့်ဖိတ်ကာအိမ်တွင် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခဲ့တဲ့ စန္ဒီမြင့်လွင်

ပရိသတ်ကြီးရေ သရုပ်ဆောင်ဘက်တွင်သာမက. အဆိုဘက်မှာလည်းထူးချွန်သူလေးကတော့ မင်းသမီးလေး စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်။ ဒီးဒီဟာ အချစ်သီချင်းချိုချိုလေးများ သီဆိုရုံသာမကပဲ Rapping များရွတ်တဲ့ Rapper မလေးတစ်ယောက်ဆိုရင်လည်း မမှားပါဘူးနော်။

ဒီးဒီဟာ မကြာသေးခင်ကလည်း ချစ်စရာကောင်းတဲ့ သမီးရတနာလေး Treasure ကို အောင်မြင်စွာမွေးဖွားခဲ့တာလည်း ဖြစ်ပါတယ်။ သမီးလေးကတော့ အဖေရော အမေနဲ့ပါ ရုပ်ချင်းဆင်တဲ့အတွက် အားလုံးရဲ့အသည်းကျော်လည်း ဖြစ်လို့နေတာပဲ ဖြစ်ပါတယ်။ သူမဟာ သမီးလေးကိုမီးဖွားထားတဲ့အတွက် အနုပညာအလုပ်တွေကို ခေတ္တအနားယူထားတာပဲ ဖြစ်ပါတယ်။

ဒီနေ့လေးကတော့ စန္ဒီမြင့်လွင်ရဲ့မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ သူမရဲ့မွေးနေ့လေးကိုတော့ အိမ်မှာပဲ သံဃာတော်များပင့်ဖိတ်ကာ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ ” သမီးမွေးနေ့ရောက်တိုင်းအေးချမ်းအောင်မြင်အုတ်ခွက်ဘုရားပင့်နေကျပေမဲ့ဒီတနှစ်ခွင့်ယူထားရတယ်နောက်နှစ်တော့ဆက်ဆက်ပင့်ဖြစ်ပါမယ်ယနေ့

ကန်ဦးဆရာတော်ဘုရားအားဝါဆိုသင်္ကန်းများဆွမ်းခဲဘွယ်ဝတ္ထုများလစဉ်ဆွမ်းများကပ်လှုပါတယ်..” ဆိုပြီး ဒီးဒီမိခင်ရဲ့လူမှုကွန်ယက်တွင် ဝေမျှထားတာဖြစ်လို့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo – Thidar Khin

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.