မွေးနေ့ကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနေတဲ့ မွေးနေ့ရှင် မြတ်သူလေးရဲ့ ချစ်စရာပုံလေးတွေ

Posted on

ပရိသတ်တွေကြားမှာ ဂျင်းကောင်အဖြစ် နာမည်တွင်ခဲ့တဲ့ သရုပ်ဆောင်မြင့်မြတ်က သူချစ်တဲ့ အနုပညာအလုပ်တွေအပြင် မိသားစုအတွက်လဲ အချိန်ပေးနေတက်တဲ့သူပါ။ သူက သူချစ်ရတဲ့ သားလေးနဲ့မွေးနေ့တစ်ရက်ထဲ ဖြစ်ရလို့ အရမ်းကို ဝမ်းသာပီတိဖြစ်နေရပါတယ်။ မြင့်မြတ်သ သားလေးကို ချစ်လွန်းပြီး မတွေ့ရရင် အရမ်းလွမ်းနေတာကြောင့် ရိုက်ကူးရေးတိုင်းလိုလို ခေါ်သွားလေ့ရှိပါတယ်။

ယခုအခါမှာလဲ သူတို့က ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းကိုရောက်ရှိနေပြီး သားသား နဲ့ ဖေဖေတို့ အောင်ပန်းမှာဘဲ မွေးနေ့ ပြုလုပ်ခဲ့ကြပါတယ်။ သူတို့ သားဖနှစ်ယောက်က လူချစ်လူခင်ပေါများတဲ့ ဂျင်းကောင်နှစ်ကောင် ဖြစ်ပြီး သားလေးရဲ့ အပြုအမူလေးတွေကလဲ အရမ်းကို ချစ်စရာ ကောင်းလှပါတယ်။

ချစ်တဲ့ ပရိသတ်ကြီးအတွက် ဂျင်းကောင်ကြီးနဲ့ ဂျင်းကောင်လေးတို့ရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ချစ်တဲ့ ပရိသတ် အားလုံးကလဲ သူတို့အတွက် မွေးနေ့ဆုတောင်းပေးဖို့ မမေ့ပါနဲ့ ။

Source – Ria Bo Vich
ခရက်ဒစ် မိုမိုလေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.