မွေးနေ့မှာ ပြုသမျှကုသိုလ်အကျိုးကြောင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ တောင်းဆုပြုလိုက်တဲ့ ပိုပို
Source: ဝတ် ရည် မိုး’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
စွဲမက်ဖွယ်အသံနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်တဲ့အဆိုတော် ပိုပိုက သူမရဲ့ ပထမဦးဆုံးအယ်လ်ဘမ် “ချစ်ဖူးခဲ့သမျှ” နဲ့ အောင်မြင်မှုရရှိလာသူတစ်ယောက်ပါ။ နောက်ပိုင်းမှာ ပိုပိုက အယ်လ်ဘမ်ပေါင်းများစွာကို ထုတ်လုပ်နိုင်ခဲ့ပြီး One Lady Show ကိုလည်း ကျင်းပနိုင်ခဲ့တဲ့အထိ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းရှိပြီး ဘယ်အရာကိုမှ ဟန်ဆောင်ဖုံးကွယ်ထားခြင်းမရှိတဲ့ ပိုပိုကို ပရိသတ်တွေကလည်း အားပေးချင်ခင်ကြလျက်ရှိပါတယ်။
မနေ့က မေလ (၁၆) ရက်နေ့ကတော့ ပိုပိုရဲ့ အသက် (၃၀)ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ပိုပိုက သူမရဲ့ မွေးနေ့မှာ သီလရှင်ဆရာလေးတွေကို ဆွမ်းဆန်နဲ့ ဝတ္ထုငွေတွေ ဆပ်ကပ်လှူဒါန်းခဲ့ပြီး “ဒါန သီလ ဘာဝနာ ပြုပြုသမျှကုသိုလ် တို့၏ အကျိူးကြောင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါရစေ ရှင်” လို့ တောင်းဆုပြုထားတာကို တွေ့ရပါတယ်။
ပိုပိုကတော့ သူမရဲ့ မွေးနေ့လေးကို အကျိုးရှိစေတဲ့ ကောင်းမှုကုသိုလ်လေးတွေ ပြုလုပ်ရင်း ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မွေးနေ့ရှင်လေး ပိုပိုရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာသာဓုခေါ်ဖို့ မမေ့ပါနဲ့နော်။
Source: ဝတ် ရည် မိုး’s fb
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.