မွေးနေ့မှာ မာယာလှည့်ကွက် ဇာတ်လမ်းတွဲ သရုပ်ဆောင်တွေဆီက အမှတ်တရမွေးနေ့ဆုတောင်းစကားတွေရရှိခဲ့တဲ့ ပိုးကြာဖြူခင်

Posted on

နိုင်ငံကျော် ဇာတ်လမ်းတွဲ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ပိုးကြာဖြူခင်ကတော့ ချစ်စရာကောင်းတဲ့အပြင် သရုပ်ဆောင်လည်းကောင်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းအတွင်းက ထုတ်လွှင့်ပြသခဲ့တဲ့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲထဲမှာလည်း ပိုးကြာဖြူခင်က ထက်မြက်ရဲရင့်ပြီး အငြိုးအတေးတွေနဲ့ ပြည့်နှက်နေတဲ့ အဏ္ဏဝါမုန်း ကာရိုက်တာနဲ့ ပရိသတ်တွေ အားပေးမှုကို ရရှိပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်က ဇာတ်လမ်းတွဲတွေထဲမှာ ကျရာကာရိုက်တာအတိုင်း သရုပ်ဆောင်နိုင်ပေမယ့် အပြင်လက်တွေ့ဘဝမှာတော့ အေးအေးဆေးဆေးရှိပြီး ပျော်ပျော်နေတတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

မနေ့က ဒီဇင်ဘာလ (၃) ရက်နေ့ကတော့ ပိုးကြာဖြူခင်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်က သူမရဲ့ မွေးနေ့လေးမှာ ပရိသတ်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေဆီက မွေးနေ့ဆုတောင်းရရှိခဲ့သလို ပြီးခဲ့တဲ့လပိုင်းကမှာ လောလောလတ်လတ် ဇာတ်သိမ်းသွားခဲ့တဲ့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲ သရုပ်ဆောင်တွေဆီက အမှတ်တရမွေးနေ့ဆုတောင်းစကားတွေရရှိခဲ့ကြောင်း သူမရဲ့ ဖေ့စ်ဘုတ် My Day ကနေ အခုလိုပဲ ပြသလာပါတယ်။

ပိုးကြာဖြူခင်ကတော့ သူမရဲ့ မွေးနေ့မှာ ချစ်ခင်ရသူတွေဆီက အမှတ်တရမွေးနေ့ဆုတောင်းတွေနဲ့အတူတူ ပျော်စရာကောင်းတဲ့ အခိုက်အတံ့လေးတွေကို ပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်တစ်ယောက် အားလုံးရဲ့ ဆုတောင်းတွေနဲ့ ပြည့်ဝပြီး ပြည်သူချစ်သော အနုပညာရှင်ကြီးတစ်ယောက်အဖြစ် ဆက်လက်အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Poe Kyar Phyu Khin’s fb

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.