မွေးနေ့ညမှာ အိမ်တိုင်ရာရောက် Surprise လာလုပ်တဲ့ စစ်သွေးနဲ့ မုန်ထွယ်အောင်တို့ကြောင့် အံ့သြဝမ်းသာသွားခဲ့တဲ့ သင်ဇာဝင့်ကျော်ရဲ့ ဗီဒီယို

Posted on

နိုင်ငံကျော်မင်းသမီးချောလေး သင်ဇာဝင့်ကျော်ဟာ သရုပ်ဆောင်ကောင်းရုံသာမကပဲ အပြစ်ဆိုစရာမရှိတဲ့ မျက်နှာလေးကြောင့် တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိ ထားသူတစ်ဦးပါ။ သင်ဇာဝင့်ကျော်က ကျရာဇာတ်ရုပ်မှာ တိတိကျကျနဲ့ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တာကြောင့် ရုပ်ရှင်ဇာတ်ကားကြီး အမြောက်အများမှာလဲ ခေါင်းဆောင်မင်းသမီးအနေနဲ့သရုပ်ဆောင်နေရသလို နာမည်ကြီး ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်ဂုဏ်ပြုပေးရလေ့ရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ ပရိသတ်တွေအတွက် အမြင်မတူတဲ့ ခံစားမှုရသတွေကို အမြဲတမ်းချပြနေတာကြောင့် ဒီနေ့ဒီအချိန်ထိ အောင်မြင်မှုအရှိန်အဟုန်လုံးဝ ကျဆင်းသွားခြင်းမရှိတာကို တွေ့ရပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၄) ရက်နေ့ကတော့ သင်ဇာဝင့်ကျော်ရဲ့ အသက် (၃၃) နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပြီး သင်ဇာ့ကိုချစ်ကြတဲ့ ပရိသတ်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေက မွေးနေ့ဆုမွန်ကောင်းတောင်းပေးနေကြတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သင်ဇာဝင့်ကျော်က သူမရဲ့ မွေးနေ့ညလေးမှာပဲ မောင်နှမလိုချစ်ရတဲ့ အဆိုတော် စစ်သွေး၊ မော်ဒယ် မုန်ထွယ်အောင်နဲ့ သူငယ်ချင်းတွေက အိမ်တိုင်ရာရောက် Surprise လာလုပ်ကြတာကြောင့် ဝမ်းသာပျော်ရွှင်ခဲ့ရတာပဲ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ မွေးနေ့ညလေးမှာ ချစ်ခင်ရသူတွေဆီက အမှတ်တရလေးကြောင့် တော်တော်လေး ဝမ်းသာသွားခဲ့မှာ သေချာပါတယ်။ ပရိသတ်ကြီးလည်း သင်ဇာ့ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမှာ အသေအချာပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Thin Zar Wint Kyaw’s fb

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.