မွေးလလေးမှာ တရားစခန်းဝင်ကာ ကောင်းမှုကုသိုလ်ပြုလုပ်ခဲ့တဲ့ ပြည်သူချစ်မင်းသမီးချောလေးရွှေကစ်

Posted on

ချစ်စဖွယ်အပြုံးလေးတွေနဲ့ ပရိတ်သတ်တွေရဲ့အသည်းထဲထိနေရာယူထားတဲ့သူကတော့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်တိုင်းကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့်လည်း အကယ်ဒမီထူးချွန်ဆုတွေ ရရှိပိုင်ဆိုင်ထားနိုင်တာလည်း ဖြစ်ပါတယ်။ အလှအပ မှာလည်းပြောစရာ မရှိသလို သရုပ်ဆောင်အပိုင်းမှာလည်း ကျရာဇာတ်ရုပ်သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေးတစ်ယောက်ပါ။

အလှအပ မှာလည်းပြောစရာ မရှိသလို သရုပ်ဆောင်အပိုင်းမှာလည်း ကျရာဇာတ်ရုပ်သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ လူကောင်သေးသေးလေးနဲ့ ကျစ်လစ်သေးသွယ်လှတဲ့ ခန္ဓာကိုယ်ပိုင်ရှင်လေးဖြစ်ပေမယ့်လည်း သူမရဲ့ ဆွဲဆောင်မှုရှိတဲ့အလှတွေကတော့ အများနဲ့မတူပဲတကယ့်ကိုထူးခြားလှပါတယ်။

ဘာသာရေးလည်း ကိုင်းရှိုင်းလွန်းတဲ့ ကစ်လေးကတော့ အလှူအတန်းများလည်း တစ်တက်တစ်အားပါဝင်လုပ်ဆောင်တတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း သူမရဲ့အားလပ်ချိန်တွင် တရားစခန်းဝင်နေတာပဲ ဖြစ်ပါတယ်။ စိတ်ထားလေးလည်းလှရုံတင်မဟုတ်ပဲ သဒ္ဒါတရားလည်းရက်ရောလွန်းတာကြောင့် အမြဲတမ်းစိတ်ကြည်နူးပျော်ရွှင်နေတာလည်း ဖြစ်ပါတယ်။ သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင်လည်း ” မွေးနေ့လဖြစ်တဲ့အတွက်တရားစခန်းဝင်ပြီးကုသိုလ်ပြု ဖြစ်တယ်။

ဤကုသိုလ်တို့ ကြောင့် ခုနှစ်ရက်သားသမီး အပေါင်း ဘေးရန်ခပ်သိမ်းကင်းကြပါစေ ဒေါသခပ်သိမ်းငြိမ်းကြပါစေ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ…

လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။

ဗုဒ္ဓဂုဏ်တန်ခိုးဖြင့်အေးချမ်းကြပါစေ။ ” ဆိုပြီးဝေမျှထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ရွှေကစ်လေးရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo – Wutt Hmone Shwe Yi 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.