မွေးရကျိုးနပ်သော သားသမီးတွေ ဆိုတာလေ……………..

မွေးရကျိုးနပ်သော သားသမီးတွေ ဆိုတာလေ
အငယ်ဆုံးကောင်က အင်ဂျင်နီယာ ။မီးလာတုန်း အိမ်ရှေကမီးခလုတ်လေးဖွင့်လိုက်ပါဆိုတာကို သူ့မှာ PE လက်မှတ်မရသေးလို့ထောင်ကျနိုင်တာမို့ မဖွင့်ဘူး…တဲ့။

သူ့အခန်းထဲကမီးတောင် အဖွင့်အပိတ်ကျုပ်ကသွားလုပ်ပေးရတယ်။

 

 

အဲအငယ်ကောင်မိန်းမက ကျောင်းဆရာမ။ငါ့မြေးလေးကို အိမ်မှာစာလေးသင်ပေးပါလို့ပြောတာကို ပါတိတ်ဝမ်းဆက်ရမှတဲ့။

အလတ်မက ဆရာဝန်။ကျုပ်ဇက်ကြောလေးတက် ခေါင်းလေးကိုက်လို့ ဆေးလေးစပ်တိုက်ပါဆိုတာကို ဆ/မ မရသေးလို့ မတိုက်နိုင်ဘူးတဲ့။ လမ်းထိပ်ကွမ်းယာဆိုင်က ဆေးသွားဝယ်သောက်ရတယ်။

အလတ်မယောက်ကျားက အရံမီးသတ်။နေ့ခင်းရေနွေးလလေးသောက်ချင်လို့ မီးမွေးမိတာ ဒဏ်ရိုက်လို့ ပေးလိုက်ရသေးတယ်။

နို့ညှာကောင်က ယဉ်ထိန်းရဲ။ အိမ်မှာလိုင်စင်မဲ့ ဆိုင်ကယ်လေးတစီးရှိတာ သူ့ကို လိုင်းကြေးပေးပြီးစီးနေရတယ်။ မပေးရင် ဖမ်းမယ်တကဲကဲလုပ်နေလို့။

အလတ်မအောက်ကကောင်က ယာဉ်မောင်း။တဖက်မြို့က မင်းအဘိုးအဘွားတွေဆီကို ဒေသထွက်လေးသွားပို့ခိုင်းတာ နယ်ကျော်လိုင်စင်မို့ မပို့နိုင်တဲ့။

ဒုတိယသားက လ.ဝ.က။ဘုရားဖူးသွားချင်လို့ ပျောက်နေတဲ့မှတ်ပုံတင်လေး ပြန်လုပ်ပေးပါဆိုတာကို အဘိုးရဲ့အဖေနာမည်နဲ့ မှတ်ပုံတင်နံပတ်ရမှတဲ့။ “ဟေ ငါဘယ်လိုသိမလဲကွာ”ဆိုတော့။လဘ္ဘက်ရည်ဖိုးပေးတဲ့။

နံပတ် ၅ သားက စစ်ဗိုလ်။သူ့ coc ထဲက ဂျင်းလေးထည့်ခိုင်းတာကို အထက်အမိန့်မရလို့တဲ့ မပေးသေးခုထိ။

သားအကြီးဆုံးက ဘုန်းကြီး။ တရားဘာဝနာများ အားထုတ်မလားမှတ်တယ်။ ဆန္ဒပြ ပွဲမှာချည်းပဲ။

ဘယ်လောက်မွေးရကျိုးနပ်တဲ့ သားတွေလဲလို့။

အဲကျန်သေးတယ်။ ကျုပ်မိန်းမက အမျိုးသမီးရေးရာက။ဟိုနေ့က ထမင်းစားတော့ထမင်းလေးက နည်းနည်းမာလိုက်တာနော် ပြောမိတာကို အမျိုးသမီးအခွင့်ရေး စော်ကားပါတယ်ဆိုပြီး ရပ်ကွက်ရုံးသွားတိုင်လို့ ရှင်းလိုက်ရသေးတယ်။

Credit- Ko

လေးစားစွာဖြင့် ခရစ်ဒက် — santhitsa.net

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.