မွေးဖွားပြုစုပေးခဲ့တဲ့ ဖေဖေနဲ့ မေမေကို ကျေးဇူးတင်ကြောင်းပြောခဲ့တဲ့ ချစ်သုဝေ

Posted on

နိုင်ငံကျော် သရုပ်ဆောင်နဲ့ အဆိုတော် ချစ်သုဝေက အနုပညာဘက်မှာ ထူးချွန်ရုံသာမက ပညာရေးမှာလည်း ထူးချွန်တဲ့ ဆရာဝန်မလေးတစ်ဦး ဖြစ်ပါတယ်။ သီချင်းဆိုကောင်းသလို သရုပ်ဆောင်လည်းတော်တဲ့ ချစ်သုဝေကို ပရိသတ်တွေက အများအပြား ချစ်ခင်အားပေးကြတာပဲ ဖြစ်ပါတယ်။ ချစ်သုဝေက လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေနည်းသွားပြီး သူမရဲ့မိသားစုလေးကို ပိုမိုအချိန်ပေး ဂရုစိုက်နေတာပဲ ဖြစ်ပါတယ်။

မနေ့က သြဂုတ်လ(၁၀) ရက်နေ့ကတော့ ချစ်သုဝေရဲ့ အသက် (၃၅) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ချစ်သုဝေက သူမရဲ့မွေးနေ့လေးကို မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ချစ်သုဝေက သူမရဲ့ မေမေနဲ့ ဖေဖေကို ကျေးဇူးတင်စကားလေးကို အခုလိုပဲပြောထားတာ တွေ့ရပါတယ်။ “Mommy Daddy ,,, ဘယ်လောက်ခက်ခဲတဲ့နေ့တွေကို သမီးတို့၂ယောက်အတွက်တွေးလို့ဖြတ်သန်းခဲ့ပြီး သမီးတို့တွေလူလားမြောက်လာတော့လည်း လူသားဆန်အောင်ပျိုးထောင်ခဲ့တဲ့အတွက် ကျေးဇူးတင်မဆုံးဘူး။”

“အူဝဲလေးကစလို့ ၃၅နှစ်ထိ သမီးရဲ့ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း အားငယ်ခြင်း တွေမှန်သမျှမှာ အနားမှာရပ်တည်ပေးအတူရှိပေးလို့ အရမ်းကိုကျေးဇူးတင်မိပါတယ်။ သမီးအတွက်စိတ်တွေပူနဲ့နော်..”

“I’m a big girl & I ‘m a fighter 🤨🥳!!I just need your never ending love ❤️ Happy Birthday 🎊🎁🎈 to meeeeee!!!!!!! Let’s celebrate the Life!!!!” ဆိုပြီး ပြောထားပါတယ်။

ချစ်သုဝေကတော့ မိဘတွေရဲ့ မေတ္တာတွေကို တန်ဖိုးထားတဲ့ သမီးအလိမ္မာလေးပဲ ဖြစ်ပါတယ်။ ချစ်သုဝေလည်း ဒီနေ့ကျရောက်တဲ့ မွေးနေ့ကနေစပြီး ဒီထက်မက မေတ္တာတွေအများကြီးရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Chit Thu Wai’s fb
ခရက်ဒစ် မိုမိုလေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.