မွေးထဲက မတွေ့ရသေးသူ ချစ်စရာ တူမလေးကို သည်းသည်းလှုပ်ကာ ချစ်မဝဖြစ်နေတဲ့ အောင်လေး

Posted on

ပရိသတ်ကြီးရေ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မော်ဒယ် သရုပ်ဆောင် အောင်လေးကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ် မယ် ထင်ပါတယ်..။ အောင်လေးကတော့ ကြည့်ကောင်းတဲ့ ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားပြီး မိန်းကလေးတိုင်း ကြွေတဲ့ ကိုကြီး Type ပုံစံမျိုးကို ပိုင်ဆိုင်ထားသူ မော်ဒယ် သရုပ်ဆောင်တစ်ယောက်လို ဆိုရမှာ ပါ.။မော်ဒယ်လမ်းကြောင်းကနေ အစပြုကာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်လာခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိပိုင်ဆိုင်ခဲ့သူပဲဖြစ်ပါတယ်နော်.။

လူငယ်ဆန်ဆန် ပျော်ရွှင်လွတ်လပ်စွာ နေတတ်ပြီး စီနီယာ ကျသူ အနုပညာရှင်တိုင်းအပေါ်မှာ ရိုသေလေးစားမှုရှိသူ တစ်ယောက်အနေနဲ့ အနုပညာရှင် မိတ်ဆွေတွေရဲ့ အသိအမှတ်ပြုမှုတွေကို ရရှိပိုင်ဆိုင်ထားသူပါ.။ကလေးထိန်းရတာကိုလည်း နှစ်သက်သူ အောင်လေးကတော့ တူလေးတွေကို ထိန်းရင်း အနုပညာအလုပ်တွေကိုပါ အတူတွဲလုပ်ရင်းနဲ့ မကြာမှီကမှ ဘဝထဲကို ဝင်လာသူလေး တူမအပေါ်မှာ သည်းသည်းလှုပ်ကာ ချစ်မဝဖြစ်နေသူ ပါ.။ ဒီနေ့ အောက်တိုဘာလ (၂၉)ရက်နေ့မှာတော့ အောင်လေးက မွေးထဲက အပြင်မှာ မတွေ့ရသေးသူ တူမလေးနဲ့ ပုံလေးကို “အာ.. မီးမီးအိပ်နေတာကို လာနှိုးတယ် ဦးဦးရာ.. (မတတ်နိုင်ဘူးနှိုးရမှာပဲ😂)

( အိပ်ချင်မူးတူးရုပ်လေးနဲ့)😂🖤😍” ဆိုပြီး သူ့ရဲ့ လူမှု့ကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ တူမလေးကလည်း အရုပ်လေးလို ချစ်စရာလေးမို့ ဦးလေးဖြစ်သူ အောင်လေးတစ်ယောက် အသည်းယားကာ ချစ်မဝဖြစ်နေတဲ့ပုံပါပဲနော်..ပရိသတ်ကြီး.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။

Source: Aung Lay’s Facebook

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.