မေမေနန္ဒာလှိုင်ရဲ့ စိန်ဆွဲကြိုးကိုယူဝတ်ပြီး အိုက်တင်အမျိုးမျိုးနဲ့ ပဲများပြလိုက်တဲ့ ချစ်စရာ သမီးလေး မဒီ

Posted on

တစ်ခေတ်တစ်ခါမှာ အောင်မြင်ကျော်ကြားလူကြိုက်များခဲ့တဲ့အကယ်ဒမီနန္ဒာလှိုင်ကတော့ အခုချိန်မှာလည်း ပရိသတ်တွေရဲ့မေတ္တာကိုခံယူနေဆဲဖြစ်ပါတယ်။နန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေမလုပ်တော့ဘဲ မိသားစုလေးနဲ့သာအေးချမ်းပျော်ရွှင်စွာနေထိုင်ရင်း အလှူအတန်းတွေကို ရက်ရက်ရောရောလှူဒါန်းနေတာကိုတွေ့ရပါတယ်နော်။နန္ဒာလှိုင်ရဲ့ချစ်ခင်ပွန်းကလည်း ဇနီးသည်ရဲ့စိတ်ကူးနဲ့တစ်ထပ်တည်းကျတာကြောင့် ဇနီးမောင်နှံနှစ်ယောက်က မကြာခဏဆိုသလို အလှူတွေလုပ်နေကြတာကိုတွေ့ရပါတယ်။

နန္ဒာလှိုင်ရဲ့ ချစ်စရာသမီးတွေကလည်း မေမေ့လိုပဲအရမ်းချစ်စမွှေးပါကြတဲ့ကလေးလေးတွေဖြစ်ကြပါတယ်နော်။သမီးသုံးယောက်ရဲ့နာမည်လေးတွေကိုတော့ ဇေဝတီလှိုင် ဇေရတီလှိုင် ဇေမဒီလှိုင်ဆိုပြီး ခင်ပွန်းနဲ့သူမနာမည်ကိုပေါင်းစပ်ပြီး နာမည်လှလှလေးတွေပေးထားပါတယ်နော်။ပရိသတ်တွေကတော့ မေမေနန္ဒာလှိုင်ကိုလည်း ချစ်ခင်အားပေးကြသလို့ သူ့ရဲ့သမီးသုံးယောက်ကိုလည်း ချစ်ကြပါတယ်။

နန္ဒာလှိုင်ရဲ့သမီးငယ်လေး ဇေမဒီလှိုင်ကတော့ အိမ်မှာအငယ်ဆုံးလေးလည်းဖြစ်သလို အိမ်ရဲ့ဆည်းလည်းလေးလည်းဖြစ်ပါတယ်နော်။မဒီလေးက စကားတွေလည်း အရမ်းပြောတတ်ပြီး ချစ်စရာကောင်းတဲ့အပြုအမူလေးတွေကြောင့် ပရိသတ်တွေကပါအရမ်းချစ်နေရတာပါ။အခုဆိုရင်လည်း မေမေ့ရဲ့ ဆွဲကြိုးကြီးကို သူ့ရဲ့လည်ပင်းမှာဝတ်ထားပြီး အသည်းယားစရာကောင်းတဲ့အပြုအမူလေးတွေလုပ်ပြနေတဲ့ မဒီလေးရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Nandar Hlaing
ခရက်ဒစ် cele family

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.