





ယူနီကုဒ်ဖြင့်ဖတ်ရန်
မေမေခင်ဇာခြည်ကျော်ကို အလှပြင်ပေးနေတဲ့ ညီမလေးကိုကြည့်ပြီး လှောင်ပြောင်စနောက်နေတဲ့ ဘုန်းမင်းနေလ …

နိုင်ငံကျော် အကယ်ဒမီ မင်းသမီးတစ်လက်ဖြစ်တဲ့ ခင်ဇာခြည်ကျော်က Single Mother တစ်ယောက်အဖြစ်နဲ့ သားသမီးတွေကို ပြုစုပျိုးထောင်နေသူတစ်ယောက် ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်ရဲ့ သားနဲ့သမီးဖြစ်တဲ့ ဘုန်းမင်းနေလနဲ့ ထင်သစ္စာတို့ကလည်း မိခင်ဖြစ်သူရဲ့ ခြေရာကိုနင်းပြီး အနုပညာလုပ်ငန်းတွေကို အနည်းငယ် လုပ်ကိုင်နေကြပြီး ပရိသတ်တွေရဲ့ ချစ်ခြင်းတွေကို ရရှိပိုင်ဆိုင်ထားပါတယ်။

ဘုန်းမင်းနေလနဲ့ ထင်သစ္စာက သုံးနှစ်ကွာတဲ့ မောင်နှမတွေဖြစ်ပေမယ့် သူငယ်ချင်းလို ရင်းရင်းနှီးနှီး ရှိကြတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ဘုန်းမင်းနေလက အမေကို အလှပြင်ပေးနေတဲ့ ညီမလေး ထင်သစ္စာကို ဘေးနားကနေ လှောင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ဘုန်းမင်းနေလတို့ မောင်နှမနှစ်ယောက်ရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ဘုန်းမင်းနေလကတော့ ညီမလေးကို အရမ်းချစ်သလို ညီမလေး စိတ်ဆိုးရအောင်လည်း အမြဲစနောက်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်ကတော့ ချစ်စရာကောင်းတဲ့ သားနဲ့သမီးကြောင့် နေ့ရက်တိုင်း ပျော်ရွှင်နေရမှာ သေချာပါတယ်။

Source: Phonemin Nay La’s fb

Bilie – Cele Connections

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.