ခေးလေးယွန်းဝတီလွင်မိုးကတော့ ငယ်စဉ်တည်းကစပြီး ယနေ့ချိန်ထိ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုရရှိထားသူလေးပါ။ သူမရဲ့အပြုံးလေးတွေဟာလည်း ပရိသတ်တွေကို အေးချမ်းစေတာပဲ ဖြစ်ပါတယ်။ ခေးလေးဟာ ခင်ပွန်းနဲ့ သားလေး Liam လေးနဲ့အတူ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားတာပါ။
ယွန်းဝတီလွင်မိုးဟာ သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကို ခင်ပွန်းဖြစ်သူနဲ့အတူ တည်ဆောက်ထားရာ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ ပရိသတ်တွေကတော့ ယွန်းရဲ့ သားလေးကိုလည်း ချစ်မဝဖြစ်နေကြတာပါ။
ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံကတော့ ကျောင်းပိတ်ရက်လေးမှာ သားလေးကိုတွေ့ဆုံရန်အတွက် ရန်ကုန်မြို့ကိုရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ သားလေးဟာလည်း ဖေဖေ၊မေမေတို့နဲ့ခွဲခွာတာအကြာကြီးရှိနေတာကြောင့်လည်း အရမ်းကိုပျော်ရွှင်နေကြတာပါ။ အခုတစ်ခေါက်မှာလည်း ခေးလေးရဲ့ Instagram myday လေးမှာ သားလေးကမေမေကိုအနမ်းတွေပေးနေတဲ့ဗီဒီယိုလေးကိုတင်ထားတာပဲဖြစ်ပြီး ပရိသတ်တွေပါကြည့်ရှုနိုင်အောင်တင်ဆက်ပေးလိုက်ပါတယ်နော်။