အချစ်ဆိုတဲ့အရာက တစ်ခါတစ်ရံမှာ ပျော်ရွှင်ချမ်းမြေ့တဲ့ အခိုက်အတန့်တွေကို ဖန်တီးပေးတတ်ပေမယ့် တစ်ခါတစ်ရံမှာတော့ နာကျင်ကြေကွဲစရာ ကောင်းနေတတ်ပါတယ်။ အထူးသဖြင့် မောင်လေးတွေကို ယုံကြည်မိတဲ့ မမတွေ မကြာခဏ အသည်းကွဲလေ့ရှိတာကို တွေ့ရမှာပါ။
ဒီလို ဇာတ်လမ်းမျိုးကို အခြေခံလူတန်းစားတွေမှာသာမကပဲ ကမ္ဘာကျော်ဆယ်လီဘရစ်တီတွေမှာလည်း တွေ့ရတတ်ပါတယ်။ အခုဖော်ပြပေးသွားမှာကတော့ မောင်လေးတွေကို ယုံကြည်မိလို့ အသည်းကွဲခဲ့ရတဲ့ ကမ္ဘာကျော်ဆယ်လီဘရစ်တီ မမတွေအကြောင်းပဲ ဖြစ်ပါတယ်။
Kourtney Kadarshian
နာမည်ကြီး စူပါမော်ဒယ်လ် Kourtney Kadarshian နဲ့ Younes Bendjima ၂၀၁၆ ခုနှစ်က စတင်ဒိတ်လုပ်ခဲ့ကြပါတယ်။ အသက်၃၉နှစ်အရွယ် Kourtney Kadarshian နဲ့ အသက်၂၃နှစ်အရွယ် Younes Bendjima တို့ဟာ ၆လသာ တွဲခဲ့ရပြီး ပြတ်စဲခဲ့ကြပါတယ်။
Mariah Carey
Nick Cannon နဲ့ Mariah Carey တို့စုံတွဲဟာ ဟောလိဝုဒ် ပရိသတ်တွေ အားအကျရဆုံး စုံတွဲတွေထဲမှာ ပါဝင်ပါတယ်။ ၂၀၀၈ ခုနှစ်က ၂၀၁၆ခုနှစ်အထိ ၈နှစ်ကြာလက်တွဲခဲ့ပေမယ့်လည်း ၂၀၁၆ခုနှစ်မှာတော့ မထင်မှတ်ပဲ တရားဝင်ကွာရှင်းမှု ပြုလုပ်ခဲ့တာကြောင့် ပရိသတ်တွေ အံ့အားသင့်ခဲ့ရပါတယ်။
Cameron Diaz
ဒီကမ္ဘာကျော် ဆယ်လီဘရစ်တီစုံတွဲကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ စုံတွဲတစ်တွဲ ဖြစ်ပါတယ်။ Justin Timberlake ထက် အသက်၉နှစ်ပိုကြီးတဲ့ Cameron Diaz ဟာ ချစ်သူနဲ့ လေးနှစ်ကြာလက်တွဲအပြီးမှာပဲ လမ်းခွဲခံလိုက်ရတာ ဖြစ်ပါတယ်။
Jennifer Lopez
ဂျေလိုတစ်ယောက်ကတော့ သူ့ရဲ့နောက်ခံအကသမားဖြစ်သူ Casper Smart နဲ့ ၂၀၁၁ ခုနှစ်မှာ စတင်တွဲခုတ်ခဲ့ကြပါတယ်။ စတွဲစဉ်တုန်းက အသက်၄၂နှစ်ရှိပြီဖြစ်တဲ့ ဂျေလိုဟာ ၂၄နှစ်သာရှိသေးတဲ့ Casper Smart နဲ့ ချစ်သူတွေဖြစ်ခဲ့တာကြောင့် ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး ၂၀၁၆ခုနှစ်မှာတော့ ပြတ်စဲခဲ့ရပြန်ပါတယ်။
Song Hye Kyo
Song-Song Couple လို့ ကိုရီးယားပရိသတ်တွေကြား နာမည်ကြီးတဲ့ Song Joong Ki နဲ့ Song Hye Kyo တို့စုံတွဲဟာ DOTS ဇာတ်လမ်းတွဲနဲ့ စတင်ရင်းနှီးခဲ့ကြပြီးနောက်ပိုင်းမှာတော့ ချစ်သူတွေဖြစ်ခဲ့ကာ ၂၀၁၇ အောက်တိုဘာမှာတော့ တရားဝင်ထိမ်းမြားလက်ထပ်ခဲ့ကြပါတယ်။ ဒီမမနဲ့မောင်လေး ဇာတ်လမ်းမှာလည်း အဆင်မပြေမှုလေးတွေရှိခဲ့ပြီး နောက်ဆုံးမှာတော့ Song Joong Ki ဖက်က တရားဝင်ကွာရှင်းတော့မှာဖြစ်ကြောင်း ကြေငြာသွားခဲ့ပါတယ်။
HYA (momolay)