မောင်လေးနဲ့အတူ Date လုပ်ရင်းပျော်နေတဲ့ ပုံလေးတွေကိုချပြလိုက်တဲ့ သင်ဇာင်ဝင့်ကျော်

Posted on

ပရိသတ်ကြီးရေ သင်ဇာဝင့်ကျော်ကတော့ အနုပညာလောကမှာ Professionalမော်ဒယ်လ်တစ်ယောက်အဖြစ်ရပ်တည်နေသလို သရုပ်ဆောင်ကောင်းတဲ့မင်းသမီးလေးလည်းဖြစ်ပါတယ်။သင်ဇာကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကိုလည်း အခိုင်အမာရရှိထားပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစွာနဲ့ ဆွဲဆောင်မှုရှိရှိ နေထိုင်နေတာပဲဖြစ်ပါတယ်နော်။သင်ဇာရဲ့အလှအပတွေကလည်း မြင်သူတကာငေးမောရလောက်အောင် ညှို့အားပြင်းလွန်းတာကိုပရိသတ်ကြီးလည်းသိမှာပါ။

နှုတ်ခမ်းနီမလေးတွေသည်းသည်းလှုပ်အားပေးရတဲ့ အဆိုတော်ဟိန်းမင်းသူကတော့လူငယ်တွေကြားမှာရေပန်းစားနေတဲ့တေးသံရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ဟိန်းမင်းသူရဲ့သီချင်းလေးတွေကလည်း ပရိသတ်ရင်ကိုတိုက်ရိုက်ထိမှန်လို့ အနုပညာလောကမှာ နေရာတစ်နေရာရလာပြီး ဟိန်းမင်းသူကတော့ အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်နော်။

အခုဆိုရင်တော့ ဟိန်းမင်းသူနဲ့သင်ဇာတို့နှစ်ယောက်က Shooping Centre မှာရေခဲမုန့်လေးစားရင်း လျှောက်လည်နေကြတာဖြစ်ပါတယ်။ဟိန်းမင်းသူကတော့ သင်ဇာ့အတွက်အရုပ်တွေလည်းကောက်ပေးပြီးနှစ်ယောက်သားပျော်ရွှင်နေကြတာဖြစ်ပါတယ်။သင်ဇာနဲ့ဟိန်းမင်းသူတို့နှစ်ယောက်ရဲ့ ကြည်ကြည်နူးနူးပုံရိပ်လေးတွေကို ပရိသတ်ကြီးလည်းတွေ့မြင်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Source : Thinzar Wint Kyaw
ခရက်ဒစ် swelsone

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.