မောင်ကျော်ဇင်ဝင်း ကိုယ့်ကိုယ် သတ်သေခဲ့မှုနဲ့ပတ်သက်ပြီး ဖြေရှင်းလာတဲ့ ဂရုချက်ထဲမှ တာဝန်ရှိသူတစ်ဦး

ကျွန်မအနေနဲ့ အခုဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ပတ်သတ်ပြီးတော့ ရှင်းပြချင်ပါတယ်။

ဘာလို့ကျွန်မ အခုမှရှင်းရလဲဆိုရင် ကျွန်မကိုယ်တိုင်လည်း အရမ်း Shocked ရနေတယ်။ မောင်လေး ဆုံးပါးသွားတဲ့အတွက်လည်း အရမ်းကိုယူကြုံးမရဖြစ်ခဲ့ရပါတယ်။

ကိစ္စကိုသိသိချင်းမှာလည်း နေ့လည်ကနေညထိ မောင်လေးကျော်ဇင်ဝင်းရဲ့အိမ်ကိုသွားပြီး မောင်လေးရဲ့အဖွားနဲ့အဒေါ်ဖြစ်သူတို့နဲ့ပါ တူတူရှိနေခဲ့ပြီး မိသားစုဝင်များကိုရှင်းပြခဲ့ပြီး လိုအပ်တာတွေကိုလုပ်ပေးနေတာကြောင့် ခုချိန်မှရှင်းပြနိုင်တာပါ။

ကျွန်မကိုယ်တိုင်လည်းထူပူနေခဲ့တာကြောင့် အခုမှ ဒီ post လေးကိုရေးပြီး အားလုံးသိအောင် ရှင်းပြတာပါ။

 

 

ဒီစာကိုအဆုံးထိဖတ်ဖို့အတွက် ကျွန်မတောင်းပန်ပါရစေ..

အခုဒီကိစ္စမှာလုံးဝမဆိုင်ပဲ ပါနေတဲ့ကလေးတွေအတွက်ကျမရှင်းပြရခြင်းဖြစ်ပါတယ် မောင်လေးတင်သွားခဲ့တဲ့ post မှာပါတဲ့ ပုံဟာဆိုရင်ကျွန်မ သူ့ကိုရည်ရွယ်ပြောခဲ့ခြင်းလုံးဝမဟုတ်ပါဘူးရှင်။

အားလုံးသတိမထားမိလိုက်တာက အဲ့ပုံအောက်မှာကျွန်မရေးထားပါတယ် “ညီညီထွန်းသိစေရန်” ဆိုပြီးတော့ပါ။ ညီညီထွန်းက ကျွန်မတို့ရဲ့ Operation Officer တစ်ယောက်ဖြစ်ပြီး ကျော်ဇင့်ရဲ့ အောက် Junior ပါပဲ။ အဲ့ဒါကလဲကျွန်မတို့ group ထဲမှာမရေးခင်ထဲက ရုံးမှာထဲက ညီညီထွန်းဆံပင်ရှည်နေပီး ဆေးဆိုးထားတဲ့အတွက် သူ့ဆံပင်ပုံဟာပုံထဲကလို ဖြစ်နေတဲ့အတွက် သူအမြန်ညှပ်ဖြစ်သွားအောင်ကျမပုံပို့ပီးပြောခဲ့တာပါ အဲ့ဒါကိုကျွန်မ Department က ကလေးတွေနဲ့ ညီညီထွန်းကသိလို့ အချင်းချင်းစနောက်ကြတာပဲဖြစ်ပါတယ်။ ပြီးတော့ အဲ့ဒီလိုပြောခဲ့တဲ့ ကိစ္စဟာလဲ လွန်ခဲ့တဲ့ ၂လလောက်ထဲကဖြစ်ခဲ့တာပါ ခုလိုမျိုးတွေ ခံစားသွားခဲ့တယ်ဆိုတာ ကျွန်မကိုယ်တိုင်လဲ အဲ့ဒီ့ post မှာတင်ထားမှသာ သိခဲ့ရတာပါ

 

 

အခုဒီထဲမှာပါတဲ့ အေးချမ်းမွန်ဆိုတဲ့ ကလေးမလေးက ဆယ်တန်းအောင်ပြီးခါစ တစ်ကယ်ချို့ တဲ့ တဲ့ ဆယ်ကျော်သက်ကလေးတစ်ယောက်ပါ။ မိဘကို ထောက်ပံ့ပေးချင်တဲ့စိတ်နဲ့ အလုပ်ဝင်လုပ်နေခဲ့တာကြောင့် ကိုဖြိုးမောင်နဲ့ မပို့တို့ကိုယ်တိုင် ပညာသင်စာရိတ်ထောက်ပံ့ပြီး ကျောင်းထားပေးထားတဲ့ကလေးပါ။

 

 

ပြန်ကြည့်ပေးပါရှင်။ ကလေးတွေပြောခဲ့တဲ့ အရာက ကျော်ဇင်ကိုလုံးဝမရည်ရွယ်ပဲ ညီညီထွန်းရဲ့ဆံပင်ပုံကိုသာရည်ရွယ်ခဲ့ခြင်းဖြစ်ပါတယ်။ အောင်ရဲထက်ဆိုတဲ့ ကလေးဆိုတာလည်း အခုမှအသက် ၂၀ ပြည့်ပြီးတာမကြာသေးပါဘူး။ အရမ်းကိုငယ်ရွယ်ပြီး စိတ်ထိခိုက်မှုတွေ၊ ထိုးနှက်မှုတွေကို လက်ခံနိုင်ဖို့ အသင့်မဖြစ်သေးတဲ့အရွယ်လေးတွေပါ။ နှစ်ယောက်စလုံးဟာလည်း ကွယ်လွန်သွားတဲ့ မောင်လေး ကျော်ဇင်ဝင်းရဲ့ Junior ကလေးတွေပါ။ အခုချိန်မှာဆို ဒီကလေးတွေဟာရင်လည်း အရမ်းစိတ်ထိခိုက်နေတာကြောင့် ဒီကလေးတွေပါနောက်ထပ်အလားတူဖြစ်ရပ်မျိုး ထပ်မံဖြစ်ပေါ်မှာစိုးရိမ်တဲ့အတွက် ကလေးတွေအပေါ်ကိုထပ်ပြီးမပြောကြပါနဲ့လို့ ကျွန်မကိုယ်တိုင်တောင်းပန်ပြီး မေတ္တာရပ်ခံပါတယ်။ ဖြစ်လာတာမှန်သမျှကိုလည်း ကျွန်မကိုယ်တိုင် တာဝန်ယူပြီးဖြေရှင်းပါ့မယ်။

 

 

ကျွန်မတို့ group chat ကို ပြီးရင်အသေးစိတ်ပုံတွေပြပေးပါမယ်ရှင် ကျွန်မ department က ကလေးဖြစ်တဲ့အတွက်ကျွန်မက ခုခံစားနေကျရတဲ့ သူတွေထက်မနည်း ကျွန်မခံစားရပါတယ်. ခုအထင်လွဲနေတဲ့ သူတွေကိုကျွန်မ ပြောပြချင်တာကတော့ ဒီကိစ္စနဲ့ပတ်သက်ပီး အားလုံးနားလည်သွားတဲ့အထိကျွန်မတာဝန်ယူဖြေရှင်းပေးဖို့ဆုံးဖြတ်ထားပါတယ်။

 

 

ကျွန်မနဲ့ ၂ ယောက်ထဲတွေ့ပီး ဆွေးနွေးတယ်ဆိုတဲ့ကိစ္စရပ်မှာလဲ ကျွန်မတို့ဝန်ထမ်းတွေရဲ့ တိုးတတ်ရာတိုးတတ်ကြောင်းကိစ္စရပ်များအတွက် လစဉ်ဆွေးနွေးနေကျဖြစ်ပါတယ် ပြီးခဲ့တဲ့လရဲ့ ၀န်ထမ်းတိုးတတ်မှုဆွေးနွေးမှုအပိုင်းမှာ ကျွန်မအနေနဲ့ သူ့ရဲ့ အားသာချက်အားနည်းချက်နှင့်ပတ်သက်ပီးဆွေးနွေးခဲ့ကြရင်း သူ့ရဲ့ ရပ်တည်မှုနဲ့ပတ်သက်ပြီး ဆွေးနွေးဖြစ်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ကျွန်မအနေနဲ့ သူ့ရဲ့ရပ်တည်ချက်နှင့်ပက်သက်ပြီး သူ့ကိုအားပေးခဲ့ခြင်းပဲရှိခဲ့တာပါ တစ်ယောက်ချင်းဆွေးနွေးကျတယ်ဆိုတဲ့အပိုင်းမှာလဲ ၀န်ထမ်းများ၏ privacy ကိုအလေးထားခြင်းကြောင့်သာ တစ်ဦးချင်းဆွေးနွေးခဲ့ခြင်းသာဖြစ်ပါတယ်..မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်နစ်နာလိုချင်မရှိပါဘူးရှင်

Credit-Emerald Aeinthu

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.