မေတ္တာငတ်ခဲ့တဲ့ ခင်က ပရိသတ်တစ်ယောက်ချင်းစီတိုင်းရဲ့ မေတ္တာကြောင့် အခုဘဝကြီးက ပိုနေပျော်လာပြီဆိုတဲ့ ခင်သဇင်
Posted on
မင်းသမီးချောလေး ခင်သဇင်ကတော့ စိတ်နှလုံးသားလှပြီး သူတစ်ပါးအပေါ် ကူညီချင်စိတ်အပြည့်ရှိတာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝ ရရှိထားသူလေး ဖြစ်ပါတယ်။ အဆင်းရော အချင်းပါ ပြည့်စုံတဲ့ ခင်သဇင်ကတော့ အနုပညာအလုပ်တွေမှာလည်း တာဝန်ကျေပွန်သူတစ်ယောက်ဖြစ်ပြီး ကျရာဇာတ်ရုပ်အတိုင်း တစ်သားတည်းကျအောင် စီးမြောလုပ်ကိုင်နိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ခင်သဇင်က ပရိသတ်တစ်ယောက်ချင်းစီတိုင်းရဲ့ မေတ္တာကြောင့် အခုဘဝကြီးက ပိုနေပျော်လာပြီဆိုတဲ့ အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။
“မေတ္တာဆိုတာ အသွားအပြန်ရှိတာ ခင်သဇင် ဘယ်အချိန် ခံစားရလဲဆို social media သုံးတဲ့ အချိန်တိုင်း ခံစားရတယ်။ အဓိက …ပရိသတ်နဲ့ ကိုယ်နဲ့ကြား ပရိသတ်အစစ် ဟုတ်မဟုတ် မသေချာပေမယ့် Like လုပ်ပြီး comments ပေးတဲ့ တစ်ယောက်ချင်းဆီတိုင်းကို ခင်သဇင် ချစ်တဲ့ စိတ်တွေ အလိုလိုဖြစ်တယ်။ နေ့တိုင်း ပရိသတ်ကို သတိရတယ်။ သူတို့အတွက်ဆိုတာ ခေါင်းထဲ အမြဲရှိတယ်။ သူတို့အတွက် ကောင်းကောင်းလေး သရုပ်ဆောင်ပေးချင်တယ်။
ကိုယ့်ကြောင့်နဲ့ သူတို့ရဲ့ ဘဝအမောလေးတွေကို ခဏတော့ပြေသွားစေချင်တယ်။ ဓာတ်ပုံရိုက်တိုင်း သူတို့အတွက်ရိုက်ပေးတယ်။ အဝတ်စားဝတ်တာကအစ သူတို့ကြိုက်မယ့်ဟာလေးတွေ ရွေးဝတ်ပေးတယ်။ နာမည်ကောင်းကိုလည်း ကိုယ့်ကို ချစ်ပေးနေတဲ့ သူတွေ ဂုဏ်ယူရအောင် နာမည်တစ်ခု လိုချင်တယ်။ နာမည်ကောင်းနဲ့ ခေါင်းမော့ပြီး သူတို့ အတွက်နဲ့ ရပ်တည်ပေးမယ်။”
“သူတို့ ကိုယ့်ကို ကြည့်တိုင်း ပျော်နေအောင် စိတ်ညစ်နေရင်တောင် ပျော်ချင်ယောင်ဆောင် နေပေးတယ်။ ပြောရမယ်ဆိုရင် ဘေးနားက ချစ်သူ ရည်းစားတောင် ကိုယ့်ပရိသတ်ကို ကိုယ်ချစ်သလောက် သူတို့ အချစ်မခံရဘူး။ ခေါင်းထဲမှာ ပရိသတ်အတွက် ဆိုတာပဲရှိတယ်။ ပြောရင်တော့ အပိုပြောတယ် ထင်မယ်။ ဒါပေမယ့် ဒါက တကယ် ဖြစ်နေတာတွေ။ အချစ်ဆိုတဲ့ အဓိပ္ပာယ်ကို ကိုယ့်ပရိသတ်တွေရဲ့ မေတ္တာနဲ့မှ ခံစားမိတာမျိုး။ မေတ္တာငတ်ခဲ့တဲ့ ခင်က ပရိသတ် တစ်ယောက်ချင်းစီတိုင်းရဲ့ မေတ္တာကြောင့် အခု ဘဝ ကြီးက ပိုနေပျော်လာပြီး ပိုနေကောင်းလာတာမို့ တစ်ဦး တစ်ယောက်ချင်းဆီတိုင်းကို ရင်ထဲကနေ လှိုက် လှိုက် လှဲလှဲ ကျေးဇူးလည်း တင် ချစ်လညး ချစ်ပါတယ်လို့❣️ အမြဲ ဆက်အချစ်ခံနေရအောင်လည်း ကောင်းကောင်းပိုကြိုးစားပါမယိရှင်💓💓💓💓” ဆိုပြီး ပြောလာပါတယ်။
ခင်သဇင်ကတော့ ပရိသတ်တွေများစွာရဲ့ အချစ်ကို ခံရတဲ့ မင်းသမီးလေး ဖြစ်သလို သူမကိုယ်တိုင်လည်း ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို တန်ဖိုးထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Khin Thazin’s fb
zawgyi
Source: Khin Thazin’s fb
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.