“ဖေဖေ၊ မေမေ အနုပညာရှင်တွေထက် ပိုပြီး ပရိသတ်များစွာ ရရှိထားတဲ့ အနုပညာ မျိုးဆက်လေးများ”

Posted on

ခေတ်နဲ့ သစ်

လက်ရှိမှာ အသက်(၂)နှစ် ၀န်းကျင်ရှိပြီဖြစ်တဲ့ ခေတ်နဲ့ သစ်ကတော့ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ အမြွှာသမီးဦးလေးတွေလည်းဖြစ်ပါတယ်။ ခေတ်နဲ့ သစ်တို့ရဲ့ နာမည်ကို အသုံးပြုကာ “ခေတ် ၊သစ်”ဆိုတဲ့ ဖောင်ဒေရှင်းလေးကို တည်ထောင်ထားတာဖြစ်ပြီးတော့ ပြည်သူလူထုရဲ့ကျန်းမာရေး၊လူမှုရေးတွေကို တစ်ဖတ်တစ်လှမ်းကနေ ကူညီထောက်ပံ့နေတာဖြစ်ပါတယ်။

ဖေဖေနဲ့ မေမေနှစ်ယောက်ထက် ပရိသတ်အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ သမီးလေးလေးတွေလည်းဖြစ်ပြီး သူတို့လေးတွေရဲ့ လှုပ်ရှားမှုလေးတွေကို TV Channel ကနေ ပြန်လည် ထုတ်လွှင့်ရတဲ့အထိ အားပေးမှုရရှိထားတာဖြစ်ပါတယ်။(၂)၀န်းကျင်လောက်ရှိတဲ့ ခေတ်နဲ့ သစ်ရဲ့ တီတီတာအသံလေးတွေက ဖေဖေနဲ့ မေမေအတွက် ပီတိဖြစ်သလို ပရိသတ်တွေအတွက် ပီတိတစ်ခုပါ။

ဘေဘီဂျင်းကောင်

မြင့်မြတ်ရဲ့ သားဦးလေးဖြစ်တဲ့ ဘေဘီဂျင်းကောင်းကတော့ ဖေဖေထက် ပိုပြီးတော့ ပရိသတ်များစွာရဲ့ အချစ်ကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ဖေဖေဖြစ်သူ မြင့်မြတ်ရဲ့ ရူတင်ကို မကြာခဏ လိုက်သွားတတ်သူလေးဖြစ်ပါတယ်။

ရူတင်ရိုက်ကွင်းပေါ်က လုပ်ဖော်ကိုင်ဖက် အနုပညာရှင်တော်တော်များရဲ့ ချစ်ခင်မှုကို ရရှိထားတာမို့ဘေဘီဂျင်းကောင်းလေးရူတင်လိုက်လာတိုင်း ၀ိုင်းလုပြီးထိန်းရ၊ချီပွေ့ရတဲ့အထိဖြစ်ပါတယ်။ ဖေဖေဂျင်းကောင်ရဲ့ သားလေး ဘေဘီဂျင်းကောင်ကတော့(၁၀)လကျော်ဝန်းကျင် သာရှိသေးပေမယ့်လည်း အူယားစရာကောင်းလောက်အောင် သိတတ်နားလည်နေပါပြီနော်။

Liam

သရုပ်ဆောင်မင်းသားကြီး လွင်မိုးရဲ့ မြေးဦးလေးဖြစ်တဲ့ သားသားလေး Liam ကတော့ အဖိုးဖြစ်သူ ဦးလွင်မိုးနဲ့ ရုပ်ချင်းချွတ်စွတ်တူလောက်အောင် မေမေ ယွန်းဝတီလွင်မိုးက မွေးထားတာဖြစ်ပါတယ်။ (၁၁)လသား အရွယ်သာရှိသေးပေမယ့်လည်း

မေမေဖြစ်သူယွန်းဝတီလွင်မိုးထက် ပရိသတ်များစွာ အခိုင်အမာရရှိထားကာ အချစ်ခံရတဲ့ အနုပညာရှင် မျိုးဆက်လေးလည်းဖြစ်ပါတယ်။ပရိသတ်ကြီးရေ ဒီချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေကို ဆက်ပြီးတော့ ချစ်ပေးကြမယ်မဟုတ်လား ပြောပြခဲ့ပါဦး။

Source; Celefamily

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.