ပရိသတ်တွေ အားကျရတဲ့ လင်းလင်းနဲ့ ချစ်သုဝေက သာယာလှပပြီး နားလည်မှုအပြည့်အဝရှိတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူတွေ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေက အနုပညာလုပ်ငန်းမှာသာ အောင်မြင်မှုတွေ များစွာရရှိထားသလို အိမ်ထောင်တစ်ခုကိုလဲ အကောင်းဆုံး တည်ဆောက်ထားတာဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်တို့ကလဲ အရမ်းကိုချစ်စရာကောင်းပြီး လိမ္မာလွန်းတာကြောင့် ပရိသတ်တွေက အသည်းတုန်အောင် ချစ်နေရတာပဲ ဖြစ်ပါတယ်
ချစ်သုဝေနဲ့ လင်းလင်းက လက်ရှိမှာတော့ သမီးလေးနှစ်ယောက်နဲ့အတူတူ ခရီးသွားရင်း ပျော်ရွှင်စွာ လည်ပတ်နေတာပဲ ဖြစ်ပါတယ်။ ခေတ်နဲ့သစ်ကလည်း ဖေဖေ၊ မေမေနဲ့အတူတူ ပျော်ရွှင်နေတာကို တွေ့ရပါတယ်။
ခေတ်နဲ့သစ်က ဖေဖေလင်းလင်း၊ မေမေချစ်သုဝေတို့နဲ့အတူတူ ရေကူးကန်မှာ ရေကူးရင်း ပျော်ရွှင်နေတာကို တွေ့ရပါတယ်။ ပရိသတ်တွေအတွက် ခေတ်နဲ့သစ်တို့ရဲ့ ပျော်စရာကောင်းတဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။
ရေမင်းသမီးလေး ခေတ်နဲ့သစ်
ချစ်သုဝေနဲ့ လင်းလင်းကတော့ သမီးလေးတွေကို အချိန်ပေးရင်း ပျော်ရွှ့င်နေသလို ခေတ်နဲ့သစ်ကလည်း တော်တော်လေး ပျော်နေပုံပါပဲနော်။ ပရိသတ်ကြီးလည်း ခေတ်နဲ့သစ်တို့ရဲ့ ဗီဒီယိုလေးကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Source: Chit Thu Wai’s fb
ခရက်ဒစ် မိုမိုလေး