“ဖေဖေ၊မေမေတို့ မျက်ခုံး လှုပ်ကြရမယ့် အနုပညာလောကထဲက သမီးချောချောလေးများ”

အနုပညာလောကမှာတော့ အနုပညာမျိုးဆက်လေးတွေက ဖေဖေ၊ မေမေတို့ရဲ့ အနုပညာသွေးတွေကိုစီးဆင်းစေပြီး လက်ဆင့်ကမ်းထိန်းသိမ်းသွားတဲ့သူလေးတွေပေါ့နော်။ ဖေဖေ၊မေမေတို့ ခေတ်မှာ ကျော်ကြားခဲ့တဲ့ နာမည်တွေကို သားသမီးတွေကလည်း ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့ အနုပညာမျိုးဆက်သစ်လေးတွေ အများကြီးရှိပါတယ်။

ဒါ့အပြင် ဖေဖေ၊မေမေတို့ရဲ့ အလှအပတွေနဲ့ပါ ပေါင်းစပ်ပြီး မွေးဖွားလာကြတော့ ပရိသတ်တွေကလည်း ငယ်ငယ်လေးတည်းက ချစ်ခင်နေခဲ့ကြရတာပါ။ ခုဖော်ပြပေးမှာကတော့ ဖေဖေ၊ မေမေတို့ စိတ်မချနိုင်လောက်အောင် အရမ်းချစ်စရာကောင်း၊ အရမ်းလည်းလှပြီး အရမ်းတော်ကြတဲ့ အနုပညာမျိုးဆက်သစ်လေးတွေပါ။

#ယွန်းဝတီလွင်မိုး

သူမကတော့ အကယ်ဒမီ မင်းသားကြီး လွင်မိုးရဲ့ သမီးဖြစ်ပြီးတော့ သူမရဲ့ ချစ်စရာကောင်းပြီး ပြုံးလိုက်တဲ့အပြုံးတွေက သူမရဲ့ပရိသတ်တွေကို အမှန်တကယ်ကြွေစေခဲ့ပါတယ်။ သူမကိုတော့ မြန်မာနိုင်ငံကယောက်ကျားလေးတော်တော်များများ နှစ်သက်ကြပြီး မိန်းကလေးတွေရဲ့ ချစ်ခင်အားကျမှုလေးတွေကိုလည်း ပိုင်ဆိုင်ထားရသူတစ်ယောက်ပါ။

လက်ရှိမှာတော့ သြစတေးလျမှာ ကျောင်းတက်လျှက်ရှိနေပြီး မကြာသေးခင်ကမှ အိမ်ထောင်ကျသွားခဲ့သူလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ဖေဖေလွင်မိုးအနေနဲ့ကတော့ မျက်ခုံးလှုပ်ရမယ့် သမီးလေးမဟုတ်တော့ပါဘူးနော်။

#ပန်းရောင်ခြယ်

သူမကတော့ အဆိုတော်ကြီးတစ်ဦးဖြစ်တဲ့ ဂရေဟမ်ရဲ့ သမီးချောလေးတစ်ဦးဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ တကိုယ်တော်ခွေတစ်ခွေထွက်ရှိထားပြီး ပရိသတ်များရဲ့ချစ်ခင်အားပေးမှုကို လက်ခံရရှိနေသူလေးတစ်ဦးဖြစ်ပါတယ်။

ဆံနွယ်ရှည်ရှည်လေးနဲ့ ရိုးသားတဲ့မျက်နှာလေးကတကြောင်း ချိုသာနူးညံ့တဲ့အသံလေးတွေကြောင့် ပရိသတ်ကို ညှို့ယူဖမ်းစားထားနိုင်သူလေးလည်းဖြစ်ပါတယ်။

#မြူလင်းကိုကို

သူမကတော့ သရုပ်ဆောင် လင်းဇာနည်ဇော်ရဲ့ သမီးလေးတစ်ဦးဖြစ်ပြီး Australia မှာကျောင်းသွားတက်နေတာလည်းဖြစ်ပါတယ်။ မကြာသေးခင်ကမှ မိခင်နဲ့အတူတူ ကြော်ငြာရိုက်ကွင်းမှာတွေ့ရပြီး ကြော်ငြာတချို့ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။

ကိုရီးယားမင်းသမီးလေးအလားထင်မှတ်မှားရတဲ့ မြူလင်းကိုကိုကတော့ မိခင်ရဲ့ လှပခြင်းတွေကို အကုန်လုံးရရှိထားသူလေးလို့ဆိုရမှာပါ။ သူမဟာ ခုလက်ရှိမှာတော့ ကျောင်းတက်နေတာဖြစ်ပြီး နောက်ပိုင်းမှာတော့ အနုပညာလောကထဲကို ဝင်ရောက်လာမလားဆိုတာတော့ စိတ်ဝင်စားစရာလေးပါပဲနော်။

#ပိုပိုဟေသာ

ပိုပိုဟေသာကတော့ မကြာသေးခင်ကမှ ချစ်တဲ့စိတ်ဆိုတဲ့ သီချင်းချိုချိုလေးနဲ့ ပရိသတ်တွေကြားထဲ အစွမ်းကုန်ပေါက်သွားတဲ့ သူလေးပါနော်။ သူမကတော့တေးရေးဇဝါရဲ့ သမီးလေးဖြစ်ပြီး ချစ်တဲ့စိတ်ဆိုတဲ့ သီချင်းကလည်း သူမရဲ့ ဖခင် ရေးစပ်ထားတဲ့သီချင်းလေးပဲဖြစ်ပါတယ်။

အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တာမကြာသေးပေမယ့်လည်း သူမရဲ့ ပထမဆုံးသီချင်းတစ်ပုဒ်ဟာ လူငယ်တွေရဲ့ပါးစပ်ဖျားမှာ တော်တော်လေးကိုရေပန်းစားခဲ့ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့စကားပြောပုံလေးတွေနဲ့ အသံလေးတွေကလည်း ပရိသတ်တွေကြား အသည်းစွဲခဲ့ရခြင်းရဲ့ အကြောင်းရင်းတစ်ရပ်ပဲဖြစ်ပါတယ်။

#မှုံနံ့သာကျော်ရဲအောင်

ရုပ်ရှင်သရုပ်ဆောင်ကျော်ရဲအောင်ရဲ့သမီးလေးက အဖေ့သွေးပါလို့အနုပညာကိုစိတ်ဝင်စားပါတယ်တဲ့၊ သူမက သရုပ်ဆောင်အလုပ်အပြင် သီးချင်းဆိုတာနဲ့ ဓာတ်ပုံရိုက်ရတာလည်းဝါသနာပါတဲ့သူလေးပါ။ငယ်ငယ်ကတည်းကအဖေ့ရှုတင်တွေလည်းလိုက်ခဲ့ပြီးအဖေရဲ့သရုပ်ဆောင်ချက်တွေနဲ့ရင်းနှီးပြီးသားပါတဲ့။

သူမသရုပ်ဆောင်လုပ်မယ်ဆိုရင်တောင်သူမအဖေနဲ့အတူသရုပ်ဆောင်ချင်ကြောင်းလည်းသိရပါတယ်။ သူမအဖေဆီကပညာသင်ခွင့်ရမယ်ဆိုရင်ငိုတဲ့အခန်းတွေကိုသင်ယူချင်ပါတယ်သူမက ငိုတဲ့အခန်းတွေကသူမအတွက်ခက်ခဲတယ်လို့လည်းသိရပါတယ်။

မှုံနံ့သာကျော်ရဲအောင်က ဆယ်လီရုပ်ရှင်ဇာတ်ကားမှာလည်းပါဝင်သရုပ်ဆောင်ထားပြီး ၊ ဆယ်လီရုပ်ရှင်ဇာတ်ကားကလည်းပရိသတ်တွေအကြိုက်တွေ့ခဲ့ပါတယ်။ သူမကခုလောလောဆယ်မှာတော့ကျောင်းတတ်နေတာဖြစ်တဲ့အတွက်အနုပညာအလုပ်ကိုတော့မလုပ်ဖြစ်သေးပါဘူး။

ဒါကတော့ Admin အတွေးထဲက သမီးချောချောလေးတွေပေါ့နော်။ ပရိသတ်ကြီးတို့ထဲက တွေးမိတဲ့သူတွေရှိရင်လည်း ပြောပြခဲ့လေနော်။

Source : welove cele

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.