ဖေဖေလွင်မိုးနဲ့အတူကလေးတစ်ယောက်လို ပျော်ရွှင်ခဲ့တဲ့အမှတ်တရပုံလေးတွေကို တင်လိုက်တဲ့ယွန်းဝတီလွင်မိုး

ကြော်ငြာလေးတွေနဲ့ ပရိသတ်အသည်းကို တဖြုတ်ဖြုတ်ကြွေကျစေခဲ့သူလေးကတော့ မင်းသမီးချောလေး ယွန်းဝတီလွင်မိုးပဲ ဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင် မင်းသားကြီး လွင်မိုးရဲ့သမီးလေးဖြစ်တဲ့ ယွန်းဝတီလွင်မိုးက ဖေဖေနဲ့ရုပ်ချင်းတစ်ထေရာတည်းတူတဲ့ အဖေတူသမီးလေးလည်း ဖြစ်ပါတယ်။

အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ ယွန်းက သားလေးတစ်ဖက် ကျောင်းတစ်ဖက်နဲ့မို့ ကြော်ငြာလေးတွေ အနည်းငယ်သာရိုက်ကူးဖြစ်တော့တာ တွေ့ရပါတယ်။

လက်ရှိမှာ ယွန်းက သားလေးကို ဖေဖေ၊မေမေတို့နဲ့ ထားခဲ့ပြီး သြစတေးလျမှာ ကျောင်းသွားတက်နေရတာ ဖြစ်ပါတယ်။ မိသားစုနဲ့ ခွဲခွာပြီး ပြည်ပမှာနေထိုင်နေရတဲ့ ယွန်းက အဖေများနေ့မှာ ဖေဖေလွင်မိုးနဲ့ အမှတ်တရပုံလေးတွေကို ပြန်တင်ထားတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၁၆) ရက်နေ့ အဖေများနေ့မှာ ယွန်းဝတီလွင်မိုးက သူချစ်ရတဲ့ ဖေဖေနဲ့အတူ မရှိပေးနိုင်ခဲ့တာကြောင့် ပုံလေးတွေနဲ့သာ အလွမ်းဖြေနေတာပဲ ဖြစ်ပါတယ်။

ယွန်းက ” happy Father’s Day ” ဆိုပြီး ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ အမှတ်တရပုံလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။ မကြာခင်မှာတော့ ယွန်းက မြန်မာပြည်ပြန်လာတော့မှာဖြစ်တာကြောင့် ဖေဖေနဲ့ရော သားလေးနဲ့ပါ ပြန်လည်တွေ့ဆုံရတော့မှာပဲ ဖြစ်ပါတယ်။

ကဲ ချစ်ပရိသတ်တွေအတွက် အဖေများနေ့မှာ ဖေဖေလွင်မိုးနဲ့ အမှတ်တရပုံလေးတွေကို တင်လိုက်တဲ့ ယွန်းဝတီလွင်မိုးရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:yunwaddy

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.